Ep-10

562 44 2
                                    

Zawgyi

သဘာဝတရားကြီးကပြည့်စုံပေမဲ့ မပြည့်စုံတာ လူ့စိတ်... လိုချင်တာရလည်း မတင့်တိမ်နိုင်ဘဲ ဘာကြောင့်များ လောဘစိတ်များနေရတာလဲ ရင်ကွဲနာကျပြီးသေရင် ဘယ်လောက်တောင် ပူဆွေးသောကရောက်နေကြမလဲ😔...

"ဘာတွေတွေးနေတာလဲ နွေ..."

"တစ်စုံတစ်ယောက်ကိုချစ်ရတာ ပင်ပန်းတယ်ပိုး Psychoဖောက်ပြီး ပိုင်ဆိုင်ပြီးသားလူတစ်ယောက်ကို ဓားနဲ့မွန်းပြီးသတ်ပစ်ချင်တယ်သိလား..."

အကြည့်တွေကအေးစက်နေတယ် စိတ်ထဖောက်ပြန်ပြီလား...

"ကြောက်စရာကောင်းတယ်ရော... ချစ်တဲ့သူကို မပိုင်ဆိုင်ရလည်း အသားနာအောင် စိတ်ထိခိုက်အောင် မျက်ရည်ကျအောင် မလုပ်ရဘူးနွေ ဒါချစ်ခြင်းစည်းမျဉ်းနိယာမဘဲလေ☺️..."

"ပိုးသိလား  စည်းမျဉ်းစည်းကမ်းဆိုတာ အတ္တသမားတွေ ကိုယ်ကျိုးအတွက်ကြည့်တဲ့သူတွေ မသမာသူတွေအတွက်ချမှတ်ထားတဲ့ နယ်နိမိတ်ဘဲ... ဥပမာပေးမယ် ဦးဘတစ်ယောက်က သူ့မိသားစုတစ်ခုလုံး သတ်သွားတဲ့ဦးလှကို တရားဥပဒေအရ ဆုံးဖြတ်ခိုင်းတယ် ဦးလှကငွေနဲ့ဖုံးလွှမ်းလိုက်တယ် သူ့ရဲ့မတရားမှုတွေကိုပေါ့ စဉ်းစားရမှာက လောကကြီးမှာ ဝဋ်ဆိုတာရှိတယ် ခံရတဲ့ဦးဘအတွက်လောကုတ္တရာနဲ့ကြည့်ရင် ဦးဘဝဋ်ရှိလို့ဆပ်ရတာ လောကီနဲ့ကြည့်ရင် တရားလားပိုး..."

"ဟင့်အင်း မတရားဘူးနွေ အမှန်တရားဆိုတာ အချိန်ကြာမြင့်မှ ပေါ်လာတာ မတရားခံရတဲ့သူအတွက်အဲ့အချိန်တွေမှာ ခံစားရတာနဲ့ မကာမိဘူးလေ🤔..."

"ဟား ဟား😂 အဲ့ကြောင့်မပိုင်ဆိုင်ရသည်ဖြစ်စေ ပိုင်ဆိုင်ရသည်ဖြစ်စေ သူအပြစ်မလုပ်ခင် အရင်ဇီဝိန်ချွေရမှာပေါ့ မဟုတ်ဘူးလား ပိုး..."

"မှားယွင်းတဲ့အတွေးခေါ်ဘဲနွေ အပြစ်မရှိတဲ့သူတစ်ယောက်ကို ဘာလို့သတ်မှာလဲ..."

"အဟက်😏 လူဆိုတာ အမှားမကင်းဘူး ပိုးရော မိသားစုအပေါ် သူငယ်ချင်းအပေါ် မိတ်ဆွေအပေါ် အမှားမရှိပါဘူးလို့ အာမခံရဲလို့လား..."

ပိုးဘာတွေတွေးနေမလဲ ငါလိုချင်တဲ့အဖြေမရမချင်းတော့ မေးခွန်းသတ်နေရမှာဘဲ... သေချာစဉ်းစားနေတဲ့ပိုးကို နည်းနည်းကြပ်မှာပါလေ နှုတ်ခမ်းလေးဆူနေတာက ချစ်စရာလေး...

ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Where stories live. Discover now