Zawgyi
"မင်းစိုးစံ မင်းဘာတွေလျှောက်လုပ်နေတာလဲ..."
"ဘာလုပ်မိလို့လဲ အစ်ကို..."
"မိုးသူစံရဲ့Accidentမှာ မင်းလက်ချက်မကင်းဘူးလို့ သတင်းကြားထားတယ်..."
"ဒါအတွက်တော့မပူပါနဲ့အစ်ကိုရယ်..."
"သွေးသားဆိုလို့မင်းဘဲရှိတာပါ..."
"တော်ပါအစ်ကိုရာ အစ်ကိုသာမရီးနဲ့တူမကိုဂရုစိုက်... မနက်ဖြန်တူမလေးမင်္ဂလာပွဲဘဲနော်..."
"အေး အဲ့ကိစ္စကြောင့်မင်းကိုလာတားတာ..."
"ဘာလို့လဲ ကျွန်တော်ကပိုးဝတီရဲ့ဦးလေးဘဲ သူထိခိုက်အောင်ဘာမှမလုပ်ပါဘူး..."
"မင်းရှိတယ်ဆိုတာကို ငါ့သမီးမသိသေးဘူး ငါ့ကိုတောင်လာတွေ့တာမဟုတ်ဘူးကွ..."
"ဘာတွေတွေးပူနေတာလဲ..."
"တွေးပူရမယ်ကွ မင်းကထွဋ်ခိုင်နဲ့ပူပေါင်းနေတာ ဘာအတွက်လဲ BOD Companyကိုအပိုင်သိမ်းဖို့လား ဘယ်လိုများသိမ်းသွင်းလိုက်တာလဲ သူ့သမီးကိုသတ်တဲ့သူဟာ မင်းမှန်းသိရင်..."
"ဒီလိုပါဘဲ ကျွန်တော်အတွက်ထွဋ်ခိုင်က မြင်းရုပ်အဆင့်ရှိတယ် အစ်ကိုသိလား ခီယျာကကျွန်တော်သားဆိုတာကို..."
"ဘယ် ဘယ်လို မဖြစ်နိုင်တာ..."
"အစ်ကိုမှတ်မိသေးလားတော့မသိဘူး အစ်ကိုမရီးကိုသွားကြိုခိုင်းတဲ့နေ့ကလေ ကျွန်တော်ပြန်ပေးဆွဲခံရတယ် ဘယ်သူလဲသိလား..."
"မသိဘူး..."
"ခီသွန်းဘဲ..."
"ဘာ..."
"ငယ်ကတည်းက ကျွန်တော်တို့အမွှာညီအစ်ကိုတွေကွဲနေခဲ့ကြရတယ် ဘာဖြစ်လို့လဲ ခီသွန်းအဖေကြောင့်လေ အစ်ကို့ကိုကျွန်သာသာနှိပ်စက်ပြီး ကျောင်းတောင်သေချာမထားပေးခဲ့ပေမဲ့ အစ်ကိုကြိုးစားလို့ ဒီနေရာရောက်လာတာ ခီသွန်းကအစ်ကို့ကို ငယ်ကျွန်လို့ခေါ်တာ ကျွန်တော့်ရင်ထဲနာတယ်ဗျာ..."
"ဒါငါ့ဝဋ်ကြွေးဘဲလေ..."
"မဟုတ်ဘူးအစ်ကို အဲ့နေ့ကသူ ဓားနဲ့ထိုးဖို့လုပ်သေးတယ် အရက်ရှိန်ကြောင့်သတိလစ်သွားတော့ ကျွန်တော်ထွက်ပြေးမလို့ဘဲ စဉ်းစားမိတာကကလဲ့စားချေဖို့..."
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)