Zawgyi
မိုးတွေးနေမိတာတစ်ခုရှိတယ် အကယ်၍ မိုးသာ မိန်းကလေးတစ်ယောက်ကို ရင်ခုန်ခဲ့ရင်အဖေလက်သင့်ခံပါ့မလားဆိုတဲ့အချက်...
"အချစ်... သက်ရှိမှန်သမျှအချစ်နဲ့မကင်းကြဘူး😌..."
"ဒါပေါ့မိုးရဲ့😊..."
"အမယ်လေး! လန့်လိုက်တာခိုင်လေးရယ် ဘယ်တုန်းကရောက်နေတာလဲ😳..."
"မပြောချင်ဘူး ဘာတွေတွေးနေတာလဲ😆..."
"ဟိုဟိုဒီဒီပါ..."
"ဘာလဲ ခီယျာအကြောင်းစဉ်းစားနေတာလား..."
"ခိုင်လေးဆိုသည်မှာ ဇွတ်အတင်းအဓမ္မကိုသူ့အစ်ကိုနဲ့ပေးစားနေ ဘာလဲခီယျာကရောင်းမထွက်တဲ့ productလား ဒါဆို မိုးစိတ်မဝင်စားဘူးနော်..."
"ခိုင်လေးမရတော့ ယောင်းမတော်တာ ဘာဆန်းတာမှတ်လို့🤭..."
"မရပါဘူးနော်..."
"ခဏ ပြောစရာရှိလို့..."
"ဘာများလဲ..."
"Mr.Hulkလေ ညနေချိန်းထားတယ် ဆွေးနွေးမယ်လို့ပြောတယ်..."
"သတင်းကောင်းဖြစ်ဖို့မျှော်လင့်ရတာပါဘဲ..."
"အင်း သတင်းကောင်းဖြစ်ရင် တစ်ဝိုင်းနော်🤤..."
"သိပါတယ် ကြိုပြင်ဆင်ထားလိုက်ဦး... ခုတော့မိုး Phပြောစရာရှိသေးလို့..."
"ဟုတ်ကဲ့ပါ...အော် ပိုးPostတင်ထားတယ်သိလား 'အချစ်ကပုံသဏ္ဍာန်အမျိုးမျိုးနဲ့
လှည့်ဖြားခဲ့ရင်တောင် ပိုးချစ်တဲ့သူ
စိတ်ချမ်းသာစေဖို့ ကျန်ရစ်ခဲ့သူ
ဖြစ်ပါရစေ...'တဲ့ ဘာအဓိပ္ပာယ်ကြီးလည်းမသိဘူး...""နေဦး ဆောင်းအခြေအနေရော🤨..."
"ဖြေရှင်းထားတယ် MTVရိုက်ဖို့အသွား မိတ်ဆွေတွေ့လို့ နှုတ်ဆက်တာတဲ့ ပိုးဘက်ကလည်းဒီအတိုင်းဘဲဖြေရှင်းပေးထားလို့ တော်သေးတာပေါ့ မဟုတ်ရင် ပိုးဝတီFanတွေကြား ဟူး မလွယ်ဘူး😅😅😅..."
"ဟုတ်ပြီ ခိုင်လေးတို့ဘေးအိမ်ကခြံ ဘယ်သူဝယ်သွားတာလဲ စုံစမ်းလို့ရပြီလား..."
"ပိုင်ရှင်က မေမြို့ကဘဲ နာမည်မပြောဘူး ငွေAmount သိန်း၇ထောင်ထိအော်ထားပေမဲ့ မရောင်းဘူး..."
![](https://img.wattpad.com/cover/253496265-288-k593698.jpg)
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)