Zawgyi
စိတ်ရှိလက်ရှိဆိုရင် ၉တန်းကိုမြန်မြန်ကျော်ပြီး တက္ကသိုလ်ကျောင်းသူဘဝရောက်လိုက်ချင်တယ် မနက်ဖြန်ကျောင်းတက်ရတော့မယ်...
စိတ်ထဲဘဝင်မကျဘူး ခုတလောမာမီ ညဘက်တွေပြန်လာတာနောက်ကျနေတယ် ဒယ်ဒီကလည်း ဘာမှမပြောဘူး မိုးလည်းထူးဆန်းနေတယ် ငါ့ကိုရှောင်နေသလိုဘဲ...
"ပိုးနဲ့မိုး ခဏဆင်းလာပါဦး..."
"ဟုတ်မာမီ..."
ဧည့်ခန်းထဲ လူစုံတက်စုံနဲ့ ဘာများဖြစ်လို့လဲ...
"မာမီ..."
"ထိုင်လေပိုး..."
"ဟုတ်..."
"လိုရင်းကိုဘဲ ပြောလိုက်ရမလား ကိုမောင်😔..."
"ကလေးက စိတ်အဆင်သင့်မပြင်ရသေးဘူးလေရတနာ..."
"ဒီလိုသမီးပိုး ဒယ်ဒီနဲ့မိုးက အိမ်ခွဲနေရတော့မယ်..."
"ဘာဖြစ်လို့လဲ😳 မာမီကိုစိတ်ကောက်နေတာလား မာမီမှာအပြစ်ရှိတယ်ဆိုရင်လည်း ဒယ်ဒီကနားလည်ပေးလိုက်ပါနော် ပိုးကို😢 ပိုး ပိုးကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့😭😭..."
"မငိုပါနဲ့သမီးလေးရယ် မာမီကိုစိတ်ဆိုးတာလည်းမဟုတ်ပါဘူး😞..."
"ကိုမောင်...ရတနာဘဲနားဝင်အောင်ရှင်းပြလိုက်ပါမယ် လေယာဉ်ချိန်နောက်ကျနေဦးမယ်..."
"ပိုးစိတ်နာမသွားအောင်တော့ ဂရုစိုက်ပါ ရတနာ ကိုမောင်စိတ်ချပါရစေ😔..."
"စိတ်ချပါကိုမောင်..."
"ဟင့်အင်း ဒယ်ဒီမသွားရဘူး မိုး မိုးမထားခဲ့ပါနဲ့ လိမ်လိမ်မာမာနေပါ့မယ် ကျောင်းတက်ရတော့မှာလေ ပိုးကိုမထားခဲ့ကြပါနဲ့😭😭..."
စိတ်နာတယ် ကလေးတစ်ယောက် ဒီလောက်ငိုယိုတောင်းပန်နေတာတောင် နောက်လှည့်မကြည့်ခဲ့ဘူး...
မိုး နင့်ကိုထင်ခဲ့တာ သွေးသားတစ်ယောက်လိုဆက်ဆံပေးပြီး ကြင်နာတတ်တဲ့ လူသားတစ်ဦးဆိုပြီး အဲ့နေ့ကို သေသည့်တိုင် ငါဆိုတဲ့ ပိုးဝတီမမေ့ဘူး...
"ဟဲ့ ထစမ်း..."
ဒုန်း ဒုန်း ဒုန်း...
"ဘာလဲဗျာ..."
![](https://img.wattpad.com/cover/253496265-288-k593698.jpg)
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)