Ep-26

490 22 0
                                    

Zawgyi

မင်္ဂလာပွဲကနေ ပိုးခေါ်တဲ့အရပ်ကို ဘယ်မျက်နှာမှမကြည့်တော့ဘဲ အပြီးလိုက်ခဲ့မိတယ် ဒါကလည်းချစ်မိတာကို မေတ္တာနဲ့အချစ်မှာ ဒွိဟဖြစ်နေခဲ့ရင် အိနြေ္ဒချစ်တဲ့ပိုးကို ထာဝရဆုံးရှုံးရနိုင်တယ် သမီးမိုက်ကို ခွင့်လွှတ်ပေးပါ ဒယ်ဒီ...

"ဘာတွေ တွေးနေတာလဲအိနြေ္ဒ..."

"ဘာမှမတွေးပါဘူး အခုဘယ်သွားနေတာလဲ ပိုး..."

"ပြန်လည်ထူထောင်ရေးစခန်း..."

"မမတို့ဆီကိုလား..."

"ဟုတ်တယ် အဲ့မတိုင်ခင်တော့ မိုးကိုသွားနှုတ်ဆက်ရအောင်..."

"ဟုတ်ကဲ့ပါ..."

ပြုံးမိတာလား ရုပ်တည်နဲ့ဖြေမိတာလား မသိတော့ မိုးဆိုတာပိုးရဲ့ငယ်ချစ်ဦးဘဲလေ ပိုးအတွက်ကြည့်တွေးပြီး အကောင်းဆုံးအရာဆိုတာတွေကိုဘဲ ဖြည့်ဆည်းပေးခဲ့သူပါ...

"အိနြေ္ဒ ဒီနေ့ကစပြီး မိန်းမလို့ခေါ်ရမလား ဟဲ ဟဲ..."

အတည်ပေါက်နဲ့ နောက်တတ်တဲ့ဒီကောင်မလေးက အိနြေ္ဒကို မိန်းမတဲ့... လောကကြီးခဏရပ်တန့်သွားသလိုပါဘဲ အပျော်ဆုံးအချိန်ဆိုလည်းမမှားဘူး ဒါတရားဝင်အသိမှတ်ပြုတာမလားဟင်...

"ပိုး ကြိုက်သလိုခေါ်ပါ ပိုးခေါ်တဲ့နာမ်စားတိုင်းကို မြတ်နိုးတယ်..."

"ဒါပေါ့ ဒါပေါ့ ခိုးပြေးလာပြီဆိုတော့မှ မိန်းမဖြစ်ပြီပေါ့ဗျာ..."

ချစ်တယ်ဆိုတဲ့ စကားလုံးကို ဖွင့်မဟဘဲနဲ့ အကြင်လင်မယားအရာမြောက်တယ်တဲ့ တွဲနေရင်းသဘောကျတာလား ပိုးဘက်က အိနြေ္ဒအပေါ် သဘောကျတာလား ချစ်တာလား မေးခွင့်ရှိပေမဲ့ မမေးရက်...

"မိုးဆီသွားတာ ပန်းစည်းဝယ်သွားရအောင်လေ မိုးကဒေစီပန်းအရမ်းကြိုက်တာ..."

"ဒါပေါ့ပိုးရယ်..."

သဝန်တိုခွင့် မနာလိုခွင့် အိနြေ္ဒမှာမရှိဘူး မိုးသူစံဆီက လုယူမိလိုက်တဲ့ ဒီလူသားကိုပြောပြမတတ်အောင်ချစ်ပါတယ် ဒါကြောင့် ပိုးပြောသမျှစကားလုံးတိုင်းမှာ သေဆိုသေ ရှင်ဆိုရှင်ပါဘဲ...

"မိန်းမ အတွေးတွေနက်နဲနေတာလား ဒါမှမဟုတ် နောင်တရနေတာလား ပိုးနောက်ကိုလိုက်ခဲ့မိလို့လေ..."

ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Where stories live. Discover now