Zawgyi
၂နာရီထိုးတော့ နွေတစ်ယောက်ဘာမှမဖြစ်ခဲ့တဲ့လူတစ်ယောက်လိုဘဲနှိုးလာတယ် မျက်ဝန်းထဲက သိမ်ငယ်ခြင်း ထိတ်လန့်ခြင်းမရှိ တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိဖန်တီးနေတဲ့ပုံစံမျိုး...
"ပိုး ဘာတွေငေးနေတာလဲ နွေအရမ်းချောနေလို့လား😅..."
"အင်း နွေအရမ်းချောနေလို့ ပိုးရဲ့နှလုံးသားကိုဖမ်းစားသွားလို့..."
"အောင်မယ်🤔 ရာရာစစ ကဲသွားမယ် ပြင်စရာရှိပြင်ထားတော့..."
"ဘာကိုလဲ😳..."
"ဟာ Fan meetingလေ🙂..."
အော် ဒါကျဒင်းကမမေ့ဘူး ကောင်းတယ် ကောင်းတယ် မေ့သွားတာမဟုတ်ဘူး ပိုးမသွားချင်ဘူး...
"လုပ်ပါပြီ နေဦးနော် ဖုန်းလာနေလို့..."
"မြန်မြန်တော့လုပ်နော်..."
"အင်းပါ..."
အိန္ဒဆြေီကဘဲ ပိုးသူ့ကိုပစ်ထားတာတော်တော်ကြာနေပြီဘဲ...
"ဟယ်လို..."
"ပိုး နင့်အသက်မှရှိသေးရဲ့လားဟယ် စိတ်ပူလွန်းလို့ငါဒီမှာမေမြို့လာဖို့ လေယာဉ်လက်မှတ်တောင်ဖြတ်ပြီးပြီဟဲ့😭..."
"ဟင် တကယ်ကြီးလား😳..."
"အေး ညနေ၆နာရီလောက်ရောက်မယ် ပိုးလာကြိုနော် ပိုးရဲ့လူနာအိမ်တည်မရလည်း Hotelဘဲသွားနေမယ်..."
"နေ နေပါဦးဟ ဘယ်လိုတွေဖြစ်ပြီး..."
"အိန္ဒကြေ ပိုးကိုလွမ်းနေတာ ပြီးတော့ပိုးရှာခိုင်းထားတဲ့မြေကွက်ပိုင်ရှင်က ကန်တော်လေးလမ်းနားမှာနေတယ်တဲ့ အိမ်နံပါတ်တွေဘာတွေ အိန္ဒလြောမှဘဲပြောမယ်နော် ခုတော့ဒါဘဲ အသံလေးကြားရတာမလို့အဆင်ပြေပြီ bye bye ချစ်တယ် မွ မွ 😗😗..."
တီ...
"Hello Hello... အယ် တကယ်ကြီးလာနေတာလား..."
"ဘာဖြစ်လို့လဲပိုး..."
"အော် သူငယ်ချင်းပါ လာလည်မလို့တဲ့..."
"အိမ်မှာတည်းခိုင်းလိုက်လေ ဧည့်သည်ကိုမြို့အနှံ့လိုက်ပို့တာပေါ့..."
"မဟုတ်ဘူးလေ..."
"ဟုတ်တယ် ကဲပွဲချိန်စနေပြီ သွားမယ်..."
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)