Final

1.6K 53 7
                                    

Zawgyi

"ပိုး မေးနေတာလေး အရင်ဖြေပါနော်..."

"ဘာတွေ အတွေးလွန်နေတာလဲကွယ် မိန်းမကိုချစ်တာပေါ့ ပိုးရဲ့ဘဝမှာနွေမိုးဆောင်း ဒီဥတုသုံးပါးနဲ့သက်ဆိုင်တဲ့ မိန်းကလေးတွေကို ဘဝတစ်သက်စာမေ့မရပါဘူး ဒါပေမဲ့ ပိုးအိနြေ္ဒကိုချစ်နေတာကြာပါပြီ..."

"ကျေးဇူးတင်ပါတယ် ပိုး... အိနြေ္ဒဒယ်ဒီက ရာဇဝတ်သား ပိုးမိဘတွေကိုသတ်တဲ့သူရဲ့အထက်ကလေ ပိုးအိနြေ္ဒကို မမုန်းဘူးလားဟင်..."

"ခက်တယ်ဗျ ချစ်ပြီးသွားရင် မုန်းဖို့သိပ်ကိုခက်တယ် လွယ်လွယ်နဲ့ဖြစ်တည်ခဲ့တဲ့သံယောဇဉ်လည်းမဟုတ်ဘူးလေ ဒါကြောင့် စိတ်ထဲဘာမှမတွေးပါနဲ့ မိန်းမကိုချစ်တဲ့အချစ်က မေတ္တာရော အချစ် သံယောဇဉ်တွေနဲ့ပါ တည်ဆောက်ထားတာပါ..."

"ပိုးကို ပိုင်ဆိုင်ရလိမ့်မယ်လို့ မတွေးဖူးခဲ့ဘူး ချစ်နေရုံနဲ့ ကျေနပ်နေခဲ့ရတာ အခုတော့ ကျေးဇူးတင်ပါတယ်..."

"လင်မယားကြား ကျေးဇူးလိုလို့လားဗျာ..."

"ပိုး အိနြေ္ဒကို ထပ်ပြီးထားမသွားပါနဲ့နော် တောင်းဆိုပါတယ်..."

"ထားသွားစရာလား ပျော်ရွှင်ရမဲ့အချိန်မှာ ဝမ်းနည်းစရာအကြောင်းတွေ မတွေးပါနဲ့တော့..."

မိုးရဲ့အုတ်ဂူမှာ မြက်တွေအမှိုက်တွေတောင် ဖုံးနေရောပေါ့...

စိတ်ထဲကနေဘဲ တိုးတိုးလေးရေရွတ်မိတယ်...

'ပိုးကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် မိုး... မိုးရဲ့အနစ်နာခံမှုအတွက် တောင်းပန်ပါတယ် အိနြေ္ဒလက်ထဲ ပိုးကိုထည့်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်မိုး...'

"မိုး ဒီမှာလေ ဒါကပိုးရဲ့မိန်းမ မိုးကိုလာမတွေ့ဖြစ်တာ တစ်နှစ်လောက်ရှိပြီမလို့ စိတ်ဆိုးနေရောပေါ့ စိတ်မဆိုးပါနဲ့နော် ဆရာဝန်တွေပေါ့ ပိုးကိုဆေးထိုးအပ်တွေနဲ့ ချုပ်ထားကြတယ် နောက်လည်းလာလည်မယ် ကလေးတွေရတဲ့အချိန် လာမိတ်ဆက်ပေးဦးမယ်..."

ပိုးငိုနေခဲ့တယ် ဒါကိုကျင့်သားမရသေးဘူး မိုးမရှိတော့တဲ့အဖြစ်ပျက်က မနေ့ကလိုပါဘဲ...

🎉 Dokončil/a jsi příběh ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း) 🎉
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Kde žijí příběhy. Začni objevovat