Zawgyi
"ကဗျာ အစာမာတာတွေမရသေးဘူးနော် ဦးလေးနဲ့ ဒေါ်ဒေါ့်ကိုလည်း ဂျီကျမနေနဲ့..."
"တစ်ယောက်တည်းနေချင်တယ် ထွက်သွားစမ်း တုကြည်ပြာ..."
"အင်းပါ..."
ကလေးရဲ့အသံတွေက ခက်ထန်လိုက်တာ နှလုံးသားတစ်ခုလုံးကို ဖိခြေနေရင်တောင် ဖိခြေတဲ့သူက ကဗျာဖြစ်ဖို့ဘဲလိုတာပါ...
"ဒါကဘယ်လိုဖြစ်ရတာလဲ ဘယ်သူ့သဘောနဲ့ပိုးကိုပြန်ပို့တာလဲ..."
"သမီးလေးရယ် ဆရာမလေးရဲ့သူငယ်ချင်းက ဒီမှာကုမရတော့လို့ ရန်ကုန်ပြန်ဖို့လိုတယ်လေ အဲ့တာကြောင့်ပါ..."
"အမေ လိမ်ဖို့တွေးထားရင်လည်း ပိရိနေအောင်လိမ် ဘာဆိုင်လို့ပိုးသူငယ်ချင်းကကုမရတာလဲ သမီးတောင် အကြီးအကျယ်မဖြစ်တာ အသက်ကယ်အိတ်ပါတယ် ဘယ်လိုဖြစ်နိုင်မှာလဲ..."
"ဟူး... သမီးကဗျာ ဆရာမရဲ့သူငယ်ချင်း အောက်ပိုင်းသေသွားပြီ..."
"ဘ ဘယ် ဟင့်အင်း သတိလစ်နေတုန်းက သူ့ကို လူ ဘယ်သူတွေလဲ အား! ခေါင်းကိုက်တယ်..."
"အရမ်းမစဉ်းစားပါနဲ့သမီးရယ် ဆရာမလေးကို ပြန်ခေါ်ပေးဖို့ညှိနှိုင်းပါ့မယ်..."
"နေ နေ သမီးကို ရန်ကုန်ဆေးရုံကြီးပြောင်းပေး..."
"မဖြစ်ဘူးသမီး..."
"ဘာလို့မဖြစ်တာလဲ..."
"အမေတို့ ညောင်နီရွာဘက်မှာ ဘုရားတည်ဖို့ငွေမတည်လိုက်လို့ လတ်တလောငွေမရှိသေးဘူး..."
"ကျွတ်စ် ခက်တယ် ကဲထားတော့ သက်သာတာနဲ့ ပိုးနဲ့တွေ့ချင်တယ် ပြီးတော့ပိုးPHခေါ်ပေး..."
"ခုခေါ်ပေးလို့မရသေးဘူးသမီးရယ် သူ့သူငယ်ချင်းရဲ့အခြေနေကိုသိရတာလည်းမဟုတ်ဘူး ပြီးတော့သမီးလေးတို့ ကားတိုက်မှုကို စုံစမ်းဖို့အရာရှိတွေရောက်နေတယ်..."
"အမေတို့ပြန်တော့ အရာရှိတွေနဲ့တွေ့ပြီးနောက်အချိန်တွေ ဘယ်သူမှဝင်မလာခိုင်းနဲ့ တစ်ယောက်တည်းဘဲနေချင်တယ်..."
"အင်းပါ..."
အရပ်မြင့်မြင့် bodyတောင့်တောင့်တွေနဲ့ အရာရှိတွေကလည်း Indiaကားတွေထဲက မင်းသားတွေလိုပါဘဲလား ရဲတော့မဖြစ်နိုင်ဘူး...
![](https://img.wattpad.com/cover/253496265-288-k593698.jpg)
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)