Zawgyi
ဆေးရုံရောက်တော့ ခြံရှေ့ကတစ်ယောက်ကိုတွေ့ပြန်ပြီ သူကဘာလဲ ကားနဲ့လိုက်လာလို့အဲ့လောက်မြန်နေတာလား ပြီးတော့ဒါကနွေ့အခန်းရှေ့ ထိုင်စောင့်နေတာလား သူဝင်တိုက်မိလို့ တာဝန်သိပြီး လာစောင့်နေတာလား...
"ဆရာမ ဒီမှာ ဒီမှာ..."
"လာပြီ ခဏလေးနော်..."
စကားပြောမလို့ နောက်လှည့်တုန်း...
"ဟင် ပျောက်သွားပြီ😳..."
"ဘာကိုလဲဆရာမရဲ့ လာလာ..."
အိနြေ္ဒ မျက်နှာတစ်ခုလုံး သွေးစတွေနဲ့ မဟုတ်လား... နွေဆိုပိုဆိုးနေမလား...
"နွေရော..."
"ခုနလေးတင် စိုးရိမ်ရတဲ့အခြေအနေမလို့ ဆရာဝန်ကြီးကိုယ်တိုင် Operationခန်းထဲဝင်နေပါတယ် ဒီကလူနာနဲ့ဘယ်လိုပတ်သက်လဲမသိဘူး..."
"နေ နေပါဦးရှင့် Opeartionအခန်းထဲဝင်ဖို့အုပ်ထိန်းသူလက်မှတ်လိုသေးတယ်မဟုတ်လား ပိုးကလူနာရဲ့nurseပါ..."
"အော် လူနာရှင်ရဲ့အစ်မက လက်မှတ်ထိုးပေးသွားတာပါ ဒီမှာ..."
နာမည်က မပိုင်ကညာ... ဒါဆိုခုနကတွေ့တာ...
"ပိုင်ကညာ!..."
"ဘာလဲ ဆရာမလေးကပိုင်ကညာကိုသိလို့လား..."
"မမိအေး ပိုးကိုမပြောဘဲ လျှိုထားတဲ့ကိစ္စတွေရှိနေသလား..."
"ဘာ ဘာ ဘာကိုတုန်းတော်..."
"ပိုင်ကညာဆိုတဲ့မိန်းကလေးက သေဆုံးသွားတယ်ဆိုတာ အမှန်တရားလား..."
"ပိုင်ကညာသေဆုံးသွားတယ်ဆိုတာမှန်ပါတယ်..."
"ဒါဆို ဒီလက်မှတ်က..."
"ဟူး ဘယ်လိုပြောပြရမလဲ😣..."
"အမှန်တိုင်းဘဲပြောပါ ပိုးအမှန်တရားကိုဘဲသိချင်တယ်..."
"ဖြစ်ပုံကဒီလိုတော်ရေ..."
Past...
ပိုင်ကညာဆုံးပြီးမကြာ ကဗျာလေးရဲ့အခြေနေဆိုးရွားလာတယ်... ဒါကိုဆရာကြီးတို့ကလည်း ကုမရတဲ့နောက်ဆုံး ကဗျာ့ကိုတစ်ဖက်သတ်ချစ်နေတဲ့ ရတုကြည်ပြာကို ပိုင်ကညာအဖြစ် နာမည်ပြောင်းပြီး မျက်နှာခွဲစိတ်ပေးလိုက်တယ် အနစ်နာခံလိုက်တယ်ဆိုပါတော့...
![](https://img.wattpad.com/cover/253496265-288-k593698.jpg)
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)