Ep-9

536 48 3
                                    

Zawgyi

"ဒီစာက..."

"ဟို ပိုး ပိုးကို ချစ်ကြောင်း ရည် ရည်😖..."

"ပိုးအချစ်ကိုအယုံကြည်မရှိဘူး ညီမလေး... ဘာလို့ပိုးကိုချစ်တာလဲ ပိုးမျက်လုံးကိုကြည့်ပြီးဖြေ..."

မျက်လုံးစိုက်ကြည့်နေပေမဲ့ ကလေးမလေးပါးတွေရဲနေတယ် ပိုးအရမ်းတင်းလို့မဖြစ်ဘူး အရှက်ကြီးတဲ့သူတွေက အငြိုးကြီးတတ်တယ်...

"ပိုးကို ရူးသွပ်တယ် ပိုးကိုဂရုစိုက်ချင်တယ် ပိုးနဲ့ဘဲ☺️..."

"ရပ်စမ်း😤... နင်ကများရာရာစစ ငါ့Crushကိုလာထိရသလား..."

"အိန္ဒြေ ပြဿနာမရှာပါနဲ့ဟာ ကိုယ့်နေရာကိုယ်ပြန်ထိုင် တောင်းပန်ပါတယ် ဒီကလူတွေကို..."

"ပိုးရယ် ဒါဒါ ပိုးကိုချစ်တယ် မပိုင်ဆိုင်ရလည်းချစ်ပါတယ် ဒါဒါရှေ့တော့ မိန်းကလေးတွေနဲ့ အကြည့်ချင်းမဆုံပါနဲ့ဟာ😩..."

ပိုးတောင် ပါးစပ်မဟရသေး ဂျူနီယာတန်းက ကလေးမသူငယ်ချင်းတွေရောက်လာပြီး ရန်ဖြစ်ကြတော့မယ်ပုံတွေနဲ့...

"ဒီမယ်အစ်မ ချစ်ရေးကြိုက်ရေးဆိုချင်ရင် ဟော ဟိုမှာတန်းစီလိုက်🙂 လူတန်းတွေမပြီးသေးဘူး စီနီယာဆိုပြီး စည်းကမ်းမဲ့နေတာလား😏..."

"စည်းကမ်းမဲ့တယ်ဆိုရအောင် အချစ်မှာ စည်းမျဉ်းဥပဒေရှိလား ပြောပါဦး နင်တို့ကအငယ်တန်းတွေလေ ဘာကိစ္စနဲ့အားနေ အကြီးတန်းတွေဆီဘဲရောက်နေတာလဲ😤..."

"အကြီးတန်းဆီရောက်လာတာမဟုတ်ဘူး စီနီယာပိုးဆီရောက်လာတာ ပြီးတော့ဒိုးပါအစ်မတို့ရယ် တစ်ခန်းထဲနေပြီး အလှည့်ကျော်နေတာ ရှက်တတ်ရင် လဲသေဖို့ကောင်းနေပြီ🤢..."

ပါးရိုက်ဖို့ လက်ရွယ်နေတုန်း ပိုးဝင်တားလိုက်လို့ မဟုတ်ရင် ကျောင်းအုပ်ရုံးခန်းထဲရောက်နေလိမ့်မယ်...

"တော်ကြပါတော့😨 အပြင်ကလူတွေရော ဒီအတွင်းကလူတွေပါ စာတွေလက်ခံစေချင်တယ်ဆိုရင် နောက်နေ့ကစ အိတ်ကြီးထဲတစ်ယောက်ကစုထည့်ပေး ခုတော့ရန်မဖြစ်ကြပါနဲ့ ထမင်းမစားရသေးလို့ နားလည်အလိုက်သိပေးကြပါ ပိုးတောင်းပန်ပါတယ် တောင်းဆိုပါတယ်😔..."

ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Where stories live. Discover now