Ep-5

781 59 1
                                    

Zawgyi

အဝေးပြေးလမ်းမကြီးကသာယာသလား မသာယာသလားပိုးမသိ မနက်ပိုင်းကားထွက်ပေမဲ့ တစ်မနက်ခင်းလုံး ကားကချော့သိပ်နေတယ်😴... မန္တလေးကိုကျော်မှဘဲလန့်နိုးလာတာ တောင်ပေါ်မြို့လေးဆိုတော့ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်လေးရယ်...

ခြောက်ထပ်ကွေ့ကြီးနား အကွေ့တွေကိုနည်းနည်းလန့်နေပေမဲ့ ဘုရားမတမိ... ရှူခင်းတွေကလှနေတော့ နေဝင်ဆည်းဆာကိုတောင်ပေါ်ကနေ ရင်သပ်ရှူမောဖွယ် တွေ့ရရော☺️...

"ဆရာမလေးအနီးစခမ်းနား တစ်ထောက်နားကြတာပေါ့ နေ့လည်တုန်းက နေပြည်တော်နားတစ်ထောက်နားပေမဲ့ ဆရာမလေးကိုနှိုးမရတာနဲ့..."

"ဦးလေးအဆင်ပြေသလိုလုပ်ပါ..."

"နေရေးစားရေးတော့မပူနဲ့ ဆရာမရေ ဦးလေးမိန်းမက ဟင်းချက်ကောင်းတယ်..."

"အိမ်လက်ရာမစားရတာကြာပြီ အပီဆွဲလိုက်ဦးမယ်..."

"တစ်ခုတော့ပြောရဦးမယ် အိမ်သူက သူကျွေးသမျှ အားရပါးရစားမှ သဘောကျတာ ပြီးတော့ ဧည့်သည်လာရင်ကို​ ပျော်နေတတ်တာ အိမ်ရှေ့ပိတောက်ပင်ကြီးနားတောင် ကွပ်ပျစ်ဆောက်ခိုင်းထားတာဗျာ ခရီးပန်းလို့လာထိုင်တဲ့သူတွေကို အအေးတိုက် မုန့်ကျွေးပြီး ဒေသထွက်ကုန်တွေလက်ဆောင်ပေးတယ် ပါဆယ်ပါထည့်ပေးတာဗျို့ ဦးလေးတောင် သူ့ယောက်ျားမလို့ မဟုတ်ရင် ရေစက်ချလှူပြီးလောက်ပြီ ဟား ဟား😂..."

"ဟား ဟား😅 အန်တီက စိတ်ထားကောင်းတာဘဲ..."

"ကောင်းတာလည်းမပြောနဲ့ ဦးလေးကို ဘယ်လောက်ရက်ရောသလဲဆို ပဉ္ဇင်းခံပြီး ဘုန်းကြီးအပြီးဝတ်တဲ့ ပါရမီဖြည့်ချင်လွန်းလို့ပါတဲ့ဗျာ..."

"ဒါတော့ နည်းနည်းများသွားပြီ..."

"အဲ့တာပြောတာဆရာမလေးရေ... သမီးလေးလည်းအဲ့အတိုင်းဘဲ အလှူအတန်းရက်ရောတယ် စာမေးပွဲနီးတဲ့ချိန်နဲ့ အောင်စာရင်းထွက်ခါနီးတိုင်း ထဖောက်တာတစ်ခုလေးဘဲ ဦးလေးစိတ်မကောင်းဘူး တစ်ခုတော်သေးတာ အောင်စာရင်းကြောက်လို့ သတ်သေတဲ့အထဲ သမီးလေးမပါလို့😔..."

"ဒါတော့ဟုတ်ပါတယ် ပတ်ဝန်းကျင်က Pressureပေးတဲ့အခါ ဆယ်ကျော်သက်အရွယ်မှာ ဆယ်တန်းမအောင်ရင် ဘောင်မဝင်ဘူးဆိုပြီးတွေးကြတယ်... တကယ်တမ်းတွေးရင် ရည်မှန်းချက်ရှိတဲ့သူတွေအတွက် ဆယ်တန်းရလဒ်ကကြီးကျယ်ပေမဲ့ ဘဝပေးမကောင်းလို့ ကျောင်းမပြီးတဲ့ကလေးတွေအဖို့ ငွေကိုပညာနဲ့လဲလှယ်ကြရတယ် ပညာမရှိအသက်ရှင်ပေမဲ့ ငွေမရှိရင်အသက်မရှင်နိုင်ဘူးလေ အမှန်တရားက နည်းနည်းလေးခါးတယ်..."

ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Where stories live. Discover now