Zawgyi
"Daddy ဘာလို့အလုပ်သမားတွေကိုအသားဟင်းမကျွေးတာလဲ..."
"သမီးနားမလည်သေးပါဘူး အသားစားတော့အီတယ် အသားဆိုတာအသေဓာတ် အရွက်ဆိုတာအရှင်ဓာတ် Daddyအလုပ်သမားမှန်ရင် ပျင်းရိနေတဲ့လူမဖြစ်ရဘူး..."
"အာ့ဆိုသမီးရဲ့၁၃နှစ်ပြည့်မွေးနေ့ကနေစပြီး သူတို့ကိုအသားဟင်းကျွေးလိုက်ပါနော်..."
"အင်းပါ သမီးလေးသဘော..."
"ဒါကြောင့်Daddyကိုချစ်နေရတာ မွ မွ..."
နိုင်စံကအစေခံပေမဲ့ ဒေါ်ဒေါ်မျက်နှာကြောင့်ကျောင်းထားပေးတယ် ခီသွန်းကိုယ်ပိုင်ကျောင်းတက်နေချိန် နိုင်စံကတော့အစိုးရကျောင်းပေါ့... အလုပ်တစ်ဖက်နဲ့စာကျက်ခဲ့ရတာတောင် ဆယ်တန်းမှာ4Dပါခဲ့တယ်...
"Daddyသမီးလေးက 5Dထွက်တာမလို့ ဘာလိုချင်လဲပြော..."
"Partyလုပ်ချင်တယ်Daddy..."
"ဖြစ်စေရမယ်ဗျာ..."
Partyပွဲကိုအကြီးကျယ်ဆုံးလုပ်ပေးတဲ့နေ့ကပေါ့...
"နိုင်စံဆိုတဲ့ကလေးနဲ့တွေ့ချင်လို့ပါ..."
"ဦးဘို ဘယ်သူလဲDaddyဖိတ်ထားတဲ့ဧည့်သည်တွေလား..."
"မဟုတ်ဘူးမမလေး နိုင်စံကိုတွေ့ချင်လို့တဲ့..."
"ဘယ်လို... ဒီခေါ်လာခဲ့..."
"ဟုတ်ကဲ့ လူကြီးမင်းတို့ဒီဘက်ကြွပါ..."
အရပ်ထောင်ထောင်မောင်းမောင်းနဲ့လူက နိုင်စံနဲ့တူတယ်ဟ ဘေးကမိန်းမရဲ့မျက်နှာကလည်း နိုင်စံနဲ့ဆင်သလိုဘဲ...
"ဒီက..."
"ဦးလေးတို့နိုင်စံနဲ့တွေ့ချင်လို့ပါ..."
"သမီးဘယ်သူတွေလဲ..."
"အော် သူဌေးကြီးအခရာဘဲ မတွေ့တာကြာပြီနော်..."
"ဘယ်သူများလဲလို့ ဦးထားစံဘဲ လာလေဗျာ..."
"မလာတော့ပါဘူး နိုင်စံကိုလာခေါ်တာ..."
"ဘယ်လို Daddy..."
"သမီးအထဲဝင်နေ..."
အဲ့ကစDaddyပြောတာမကြားရတော့ ညကတည်းက နိုင်စံကိုခေါ်သွားတယ်ဆိုတာဘဲသိတော့တာ သူကDaddyသူငယ်ချင်းရဲ့သားတဲ့ မဖြစ်နိုင်တာ အစေခံကအစေခံဘဲလေ...
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)