Ep-24

537 31 1
                                    

Zawgyi

ပြစ်ခတ်မှုကြောင့် တစ်ပတ်လောက်က စစ်ဆေးခံနေရတယ် တရားခံကိုမမိသေး စုံထောက်ပီနဲ့ စုံထောက်ကင်းလည်း ရာထူးချခံရတယ်...

ဦးလေးမောင်လည်း မိုးနာရေးအပြီးလဲသွားလို့ဆေးရုံတင်ထားရတယ် မာမီကတော့တရားနဲ့ဖြေမယ်ဆိုပြီး ရိပ်သာဝင်သွားပြီ...

ကျန်ခဲ့တာက ပိုး... ဆောင်းရဲ့fanတွေကလည်းဆေးရုံရှေ့မှာ... တစ်ပတ်ကျော်တဲ့အထိဆောင်းကသတိမရသေးဘူး ဒေါက်တာပြောပုံအရဆိုရင်တော့ ဆောင်းက...

"ပိုး သတင်းဖတ်ပြီးပြီလား..."

"ဘာသတင်းလဲနွေ..."

"အိနြေ္ဒတို့ကို နယ်စပ်မှာကယ်ဆယ်နိုင်ခဲ့တယ်တဲ့..."

"ဘယ်လို သူဘယ်မှာလဲ..."

"လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက ရန်ကုန်ပြန်ရောက်တယ် သို့ပေမဲ့သူ့အဖေက ချက်ချင်းပြည်ပပို့လိုက်တယ်တဲ့..."

"သူ့ကိုဖမ်းတဲ့လူတွေကရော..."

"အကုန်အသေဘဲမိတယ်..."

"မဖြစ်နိုင်တာ..."

"ပစ်ခတ်ရင်းတော့မဟုတ်ဘူး ကိုယ့်ဘာသာကိုယ် အဆိပ်သောက်သေကြတာ သတင်းအနှိုက်မခံချင်လို့ထင်တယ်..."

"ဒါနဲ့ပိုးDNAစစ်ခိုင်းတာ resultထွက်ပြီလား..."

"ဒီနေ့ Emailကနေ့ပို့လိုက်မယ်တဲ့ ဝင်စစ်ကြည့်လိုက်ဦး..."

"Omm..."

ရင်ထဲ မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်းသာ ဆေးရုံမှာရှိတဲ့ဟိုလူကြီးလည်း ခွဲပြီးတဲ့နေ့ကဘဲပျောက်သွားတယ် အစ်ကိုခီယျာကရောဘာကြောင့်သတ်တာလဲ...

Notificationအသံကြောင့် လူတောင်တုန်တက်သွားတာဘဲ...

"ဟင် ဒါက ဆေးရုံကMailမဟုတ်ဘူး..."

ဝင်ကြည့်လိုက်တော့ videoနဲ့ ဓာတ်ပုံတွေ...

Videoထဲ မိုးသတိလစ်နေတာဘဲ မဖြစ်နိုင်တာ ဟိုနေ့ကပိုးရှေ့တင်သဂြိုလ်လိုက်တာလေ ပြီးတော့မာမီနဲ့ဟိုလူကြီး ဘေးမှာနောက်ကျောပေးထိုင်နေတဲ့မိန်းမကဘယ်သူလဲ...

"မင်းအဖေနဲ့အမေ ပြီးတော့သတို့သမီးလောင်း ကျန်တာဘယ်သူလာဦးမယ်ထင်လဲ ဟား ဟား ဟား ငါပြောခဲ့တယ်နော် ထပ်ပြီးမရူးမိုက်ပါနဲ့လို့ ဒီပွဲကိုလုပ်ရင် ထိခိုက်မှာက မင်းကိုယ်တိုင်ဘဲ သတို့သမီးလောင်းလေးရဲ့ ခွဲစိတ်မှုကအောင်မြင်ပါတယ်ရှင့်  အံ့သြစရာသတင်းပြောရမလား မင်းအဖေမှာ အမွှာညီရှိတယ်ဆိုတာဘဲ သူတို့ကိုရွေးရမဲ့တန်ဖိုးနဲ့နေရာကို ပြန်ပို့လိုက်မယ် တာတာ့..."

ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Waar verhalen tot leven komen. Ontdek het nu