Zawgyi
အိနြေ္ဒတို့နဲ့တွေ့ပြီးအပြန် ဆေးရုံဝင်ပြီး ဆောင်းရဲ့အခြေအနေကို စောင့်ကြည့်နေရတယ်ဒါနဲ့နွေမရောက်သေးတာလား ပြန်သွားတာလား...
"ဆရာမဖြူ..."
"ဟယ် ပိုးမတွေ့တာကြာပြီနော် သီလရှင်ဝတ်ထားတာလား..."
"မဟုတ်ပါဘူး နည်းနည်းရှုပ်လို့..."
"ဟုတ်ပါပြီ ကတုံးလေးနဲ့ဆိုမှ စော်ကြည်တာထိန်းမရဖြစ်နေဦးမယ်..."
"ဟား ဟား မနောက်ပါနဲ့ ဆရာမဖြူကိုမေးစရာရှိလို့..."
"အော် မေးလေ ဘာများလဲ..."
"ဒီကို လူနာစောင့်လာသေးလား..."
"လာတာတော့မတွေ့သေးဘူး လူနာကCeleမလို့လားမသိဘူး ဆေးရုံရှေ့ကလူအုပ်ကို မနည်းပြန်ခိုင်းရတယ်..."
"ဟုတ်တယ် ဒါတောင်မနက်တစ်ခါ ညနေတစ်ခါ လူစုပြီးပန်းခြင်းတွေပို့နေကြတုန်း..."
"မယုံသေးဘူးပိုးရယ် သတို့သမီးအတွက်လည်း စိတ်မကောင်းပါဘူး..."
"အော် အဲ့ကိစ္စမေးမလို့ ဆရာရော..."
"ရရှားမှာ စိတ်ပညာစာပေဟောပြောပွဲရှိလို့ဆိုပြီး လက်ထောက်ဆေးရုံအုပ်နဲ့သွားတာ နှစ်ရက်လောက်တော့ရှိပြီ ဘာမေးမလို့လဲပိုးရဲ့..."
"ဆေးရုံဥက္ကဌကလေ အရင်သူဌေးဘဲမလား..."
"ပိုးပညာတော်သင်သွားနေတုန်း သူဌေးပြောင်းသွားပြီ တရားဝင်ကြေညာထားခြင်းမရှိပေမဲ့ အခုသူဌေးကဆုပေးဒဏ်ပေးစနစ်သုံးတယ် ဆေးရုံအတွက်လိုအပ်တာထောက်ပံ့တဲ့အပြင် USဆေးဝါးထုတ်Companyတွေနဲ့ လက်တွဲမယ်လို့သတင်းကြားတယ်..."
"ဒါဆို သူဌေးက တော်တော်သဘောကောင်းတာဘဲနော်..."
"ကောင်းတာပေါ့ အဲ့သူဌေးအုပ်ချုပ်ကတည်းက ဒေါက်တာထိုက်လင်းရာထူးတိုးတယ် ဒေါက်တာတွေလစာမြှင့်ထားတယ် သူနာပြုတွေအတွက် နားနေဆောင်ကို ရှယ်လုပ်ပေးထားတယ် သန့်ရှင်းရေးဝန်ထမ်းတွေကိုလည်း uniformအင်္ကျီ Brandတွေကြည့်ဆင်တယ် ဘာမှန်းမသိပေမဲ့ တစ်ခုကြားထားတာ သူဌေးကရုပ်ထွက်မပြဘူးဆိုတာဘဲ..."
"ဘယ်လို..."
ပိုးထင်သလိုများ ဒေါက်တာထိုက်လင်းကကြံရာပါဖြစ်နေမလား ဆေးရုံပိုင်ရှင်ကိုသိမှဖြစ်မယ်...
![](https://img.wattpad.com/cover/253496265-288-k593698.jpg)
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)