Zawgyi
ဘာတွေလဲ ဦးလေးနဲ့ ဒေါ်လေးတို့က ပိုးကိုအလုပ်နားလိုက်ပြီတဲ့ ဘာအတွက်လဲ...
"အစ်မက မအိနြေ္ဒရဲ့ အုပ်ထိန်းသူလား..."
"ဟုတ်ပါတယ် လူနာဘာဖြစ်လို့လဲ..."
"လူနာကို ရန်ကုန်ဆေးရုံပြောင်းရွေ့ဖို့ ဒေါက်တာ တွေ အကြံပြုထားပါတယ်..."
"အခြေနေ ဆိုးရွားနေလို့လားဆရာမရယ်😔..."
"နှလုံးထိသွားပေမဲ့ လူနာအခြေနေက ဒေါက်တာပိုင်ကညာပြောခဲ့သလိုပါဘဲ အောက်ပိုင်းသေသွားပါတယ် နောက်ပြီးဒီကစက်ပစ္စည်းမစုံလင်မှုကြောင့် ရန်ကုန်ဆေးရုံပြောင်းပေးတာ နားလည်ပေးစေလိုပါတယ်ရှင့်..."
"ဘယ်နေ့ပြောင်းမှာလဲ..."
"ဒီနေ့ညပိုင်းလောက်ပေါ့ လူနာရှင်ရဲ့ဖခင်ကလည်း သဘောတူထားပါတယ် ဒီကအုပ်ထိန်းသူလက်မှတ်လိုလို့ပါ..."
"ကောင်းပါပြီ ကျွန်မညပိုင်းအဆင့်သင့်လုပ်ထားလိုက်ပါ့မယ်..."
"ဟုတ်ကဲ့ခွင့်ပြုပါဦး..."
ဆေးရုံစင်္ကြံလမ်းတစ်လျှောက် အရာရာနှေးကွေးနေသလိုပင်... လည်ပင်းမှာတစ်ဆို့နေတဲ့ အကြောင်းအရာက ခွဲခွာမှုအတွက်လား ဒါမှမဟုတ် မနှုတ်ဆက်ခဲ့ရလို့လား...
အို... ဒီအချိန်မှာ အတ္တကြီးရမှာဘဲ သူငယ်ချင်းတစ်ယောက်လုံး အောက်ပိုင်းသေသွားတဲ့အကြောင်းရင်းက ပိုးကြောင့်ဘဲ...
"ပိုးဝတီ..."
အဖြူရောင်ကုတ်ကိုခြုံလွှမ်းထားပေမဲ့ မျက်ဝန်းထဲကနေစိတ်ရင်းအမှန်ကို ရှာလို့မရပါလား ဒေါက်တာ ပိုင် က ညာ...
"ဟုတ်ကဲ့..."
"လူနာရဲ့ဖိုင်တွဲပါ တောင်းဆိုချင်တာလေးလည်းရှိတယ်..."
"ဘာများလဲ ဒေါက်တာပိုင်ကညာ..."
"လူနာရှင်အိနြေ္ဒရဲ့အခြေနေက စိုးရိမ်ရတဲ့အနေထားတစ်ခုပါ အကယ်၍ သူသတိရလာတဲ့အခါ အမှန်တရားကို လက်သင့်မခံနိုင်ရင် Psychoဖောက်သွားနိုင်တဲ့အပြင် ခွဲထားတာမကြာသေးတဲ့ နှလုံးအဆို့ရှင်လည်း ပေါက်ထွက်သွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ လူနာရှင်ပါ..."
DU LIEST GERADE
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)