Zawgyi
"ဆောင်း နိုးနေပြီလား သေချာဂရုစိုက်ထဦး..."
"တောင်းပန်ပါတယ်ပိုးရယ် ဆောင်းကြောင့်အနှောက်ယှက်ဖြစ်ရပြီ..."
"အဲ့လိုမတွေးပါနဲ့ ဆောင်းကိုမေးစရာတွေရှိတယ် ဆောင်းဘာဖြစ်လာတာလဲ ပြီးတော့ပိုးရဲ့လိပ်စာ ဘယ်လိုသိတာလဲ..."
"USက Missပြိုင်ပွဲတက်ပေးရတာ Brandတွေကလည်းဖိတ်တော့ မလာလို့လည်းမရ USကိုလာရင်း ပိုးဆီဝင်မယ်ဆိုတဲ့အတွေးနဲ့လိပ်စာစုံစမ်းထားတာ ဖြစ်ချင်တော့ ပါတီအပြန်မှာလုပ်ကြံခံရတယ် ဟန်လီလည်း ဓားထိုးခံထားရတယ် အမှုဖွင့်ဖို့နဲ့Angencyတွေဆီ အကြောင်းကြားပေးပါဦးပိုး..."
"အင်းပါ..."
ဒေါက် ဒေါက်...
"ဝင်ခဲ့လေ..."
"ပိုး ပိုး လုပ်ပါဦး ဒါဒါ ဘာဖြစ်နေလဲမသိဘူး ငါအိမ်မက်မကောင်းလို့ သူ့အခန်းကိုတံခါးခေါက်တာ မဖွင့်ပေးဘူး ညကတည်းကရေသံတွေသူ့အခန်းထဲကကြားနေရတာ အစက မိုးသည်းလို့ထင်နေတာ အခုထက်ထိ..."
"ဖယ် ဖယ် သော့ပိုရော ဘယ်နားထားလဲ..."
"မီးဖိုခန်းထဲမှာထင်တယ် ငါသွားယူလိုက်မယ်..."
"အင်း မြန်မြန်လုပ်ပါ..."
"ဆောင်းဘာကူညီပေးရမလဲပိုး..."
"ရ ရတယ် နားနားနေနေလှဲနေလိုက် ဒဏ်ရာမကျက်သေးတော့ အနာရင်းတဲ့အခါအဖျားဝင်လိမ့်မယ်..."
"အင်းပါ အရမ်းစိတ်ပူမနေပါနဲ့ ဒါဒါက..."
အော် ပိုးရယ် သူငယ်ချင်းဆိုတဲ့သူအတွက်တောင် ဒီလောက်ပြာယာခတ်နေတာ အရင်ကဆောင်အတွက်ဆို ဘယ်လောက်တောင်များ...
"ပိုးသော့ရပြီ..."
"ကျေးဇူးမေ အရင်ဖွင့်ကြည့်ရအောင်..."
အိပ်ရာပုံစံကြည်ရတာ ထိထားပုံတောင်မပေါ် ဝှီးချဲကရေချိုးခန်းအပြင်မှာ...
"အိနြေ္ဒ အိနြေ္ဒ တံခါးဖွင့်ပေးပါဦး ပိုးပြောတာကြားလား..."
ဒုန်း ဒုန်း ဒုန်း...
"အခြေနေမဟန်ဘူးပိုးရေ ရေသံကြားနေတုန်းဘဲ..."
"မေ တစ်ခုလောက်ကူညီပါလား အိနြေ္ဒရဲ့ဆေးစစ်ချက်ကို ပို့ထားတယ်ပြောတယ် စိတ်ပိုင်းဆိုင်ရာထိခိုက်ထားလားမသိတာမလို့ သွားယူပေးပါနော်..."
![](https://img.wattpad.com/cover/253496265-288-k593698.jpg)
ŞİMDİ OKUDUĞUN
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)