Zawgyi
ပြင်ဆင်စရာရှိတာတွေတော့ ပြင်ဆင်ပြီးပြီ အေးတဲ့ဒေသဆိုတော့ ဆွယ်တာနဲ့အနွေးထည်ဝယ်ရမယ် ဘာတွေလိုဦးမလဲ လူနာက စာမေးပွဲကြောက်တဲ့ စိတ်ရောဂါရှိတာ စိတ်ကိုစိတ်နဲကုဖို့ ဘယ်လိုကုထုံးနဲ့သင့်တော်မလဲ...
ဒေါက် ဒေါက် ဒေါက်...
"လာပြီ..."
"ပိုးရယ် ဘာတွေလုပ်နေလို့ လာဖွင့်တာကြာနေတာလဲ ဒီမှာသယ်ထားရတာတွေကအလေးကြီးဘဲ သယ်ကူဦး☹️..."
အထုတ်တွေမနိုင်မနင်းနဲ့ ခရီးသွားခါနီးတိုင်း ဒီပုံစံနဲ့ဘဲရောက်ချလာတတ်တဲ့ အိန္ဒြေ သူ့ဘက်ကအရောင်ဆိုးနေပေမဲ့ ပိုးကFriend Zoneထဲမှာဘဲပေါ့...
"အိန္ဒရြေယ် တကူးတကအပင်ပန်းခံလို့ ဘာတွေသယ်လာတာလဲဟ😒..."
"ဘာတွေရမလဲ ပိုးကနေရာပြောင်းရင်မနေတတ်ဘူးမလား အဲ့တာ လမ်းကြုံလို့ ဘာဘာညာညာလေးဝယ်ရင်း စားစရာနဲ့အခြောက်ခြမ်းလေးတွေ ဝယ်လာပေးတာ အဲ့တာညလည်းနက်နေပြီမလို့ ဒီမှာဘဲ အိပ်မလားလို့😁..."
လမ်းကြုံလို့ဆိုလိုဘဲ တောင်နဲ့မြောက်ကို🙂...
"ဖြစ်ရမယ်... လာပါကြွ ဒီမှာခေါက်ဆွဲပြုတ်နေတာနဲ့အတော်ဘဲ ရှူးရှဲလေးနဲ့ဆွဲလိုက်ရအောင် ဧည့်ခံစရာတော့ ဒါဘဲရှိလို့..."
"ပြောနေစရာလားပိုးရယ် ဒါနဲ့အိမ်လခက..."
"လူမနေပေမဲ့ ပစ္စည်းတွေထားထားတာမလို့ ၃လစာရှင်းခဲ့ရမလားမသိဘူး..."
"မတန်ပါဘူးပိုးရယ် အိန္ဒအြေဒေါ်အိမ်လွတ်နေတယ် ပစ္စည်းတွေအဲ့မှာထားလိုက်မယ်လေ ပြီးတော့ဒီတစ်လကပေးပြီးသားမလား အိန္ဒဘြေဲ ပစ္စည်းတွေရွေ့ထားလိုက်မယ်..."
"အဆင်ပြေပါ့မလား အားနာစရာကြီး😞..."
"ပြေပါတယ် အလုပ်ပြီးလို့ အိမ်ရှာစရာမရှိလဲ အဒေါ့်ကိုအိမ်ငှားတင်ထားတယ်ပြောလိုက်မယ်..."
"အဒေါ်က ဒီမှာမနေဘူးလား😕..."
"အိမ်ဆောက်ပြီးတာမကြာသေးဘူး LAကအလုပ်ကိစ္စပေါ်လာလို့ ကြွသွားတယ်..."
"ဟားဟား😅 ပိုးနဲ့နေတာကြာလို့တူပါရဲ့ ပိုးစကားလုံးတွေ သူ့ပါးစပ်ထဲရောက်နေပြီ..."
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)