Chapter 18

3.2K 715 41
                                    

[Unicode]

Hello! Guys စပြီးမဖတ်ခင်လေး Note လေးကိုအရင်ဖတ်ကြပါ။ အရင်အပိုင်းတွေတုန်းက
* ဝမ်ရှောင်းမိန်
* ဝမ်ဖန်ဂျင် လို့ရေးခဲ့ပါတယ်။

တကယ်တော့ ကိုယ်ကတရုတ်စာလည်းမတတ်တော့ အသံထွက်တွေမှားနေခဲ့ပါတယ်။ ဦးစွာပထမလာပြင်ပေးတဲ့လူကိုကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင့်။ အရင်အပိုင်းတွေကိုတော့ နောက်မှပဲပြင်ပေးပါတော့မယ်နော် တကယ်တော့ငပျင်းကျနေမိလို့ပါ။ ဒီအပိုင်းကစပြီးနာမည်လေးတွေ ပြောင်းရေးပါတော့မယ်။ တော်ကြာဘယ်သူလဲဆိုပြီးမသိကြတော့မှာစိုးလို့ ရှင်းပြရခြင်းပါ။

* ဝမ်ရှောင်းမိန် - ဝမ်ရှောင်းမျယ်
* ဝမ်ဖန်ဂျင် - ဝမ်ဖုန်းကျင်

-------------------------------------------------------------

တလက်လက်တောက်ပတဲ့ ကြယ်စုလေးတွေရှိတဲ့ နက်ပြာရောင်ကောင်းကင်ကြီးပေါ်မှာ ဝိုင်းစက်နေတဲ့လမင်းကြီးရှိနေပြီး နေရောင်ထိုးတာနဲ့မတူညီစွာ ထိုအလင်းရောင်လေးတွေက လေထုထဲမှာ အေးချမ်းငြိမ့်ငြောင်းစွာဖြစ်တည်နေတယ်။

ထူထပ်သောမြူခိုးတွေနဲ့ တိမ်တွေက တောင်တွေကိုဝိုင်းရံထားပြီး အနက်ရောင်အဆောက်အဦးတစ်ခုကို နှင်းစက်လေးများက ညည့်နက်နက်ညချမ်းကနေ ကာကွယ်ပေးထားတယ်။ သူတို့တွေဝတ်ဆင်ထားတဲ့ ရွှေချည်မျှင်တွေမြှုပ်ထိုးထားတဲ့ မီးတောက်လိုအနီရောင်ဝတ်စုံတွေက လရောင်နဲ့အပြိုင်အလင်းပြန်နေတော့တယ်။ သေးငယ်တဲ့နှင်းစက်လေးတွေက တောက်ပတဲ့ဝတ်စုံပေါ်ကနေလျှောကျသွားတယ်။

ဆွေးမြေ့တဲ့သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုမှန်း သိနိုင်သေးတဲ့နေရာဆီ ဦးတည်နေတဲ့ကျောက်ထူထူလမ်းလေးကို ဝမ်ရှောင်းမျယ် မိန်းမောကြည့်နေမိတယ်။

" မျန်တျန်း ဘာဖြစ်လို့လဲ " တစ်စုံတစ်ယောက်က သူ့နောက်ကနေ တင်းတင်းကြပ်ကြပ်ဖက်လာခဲ့တယ်။

ထိုသူကတော့ ဝမ်ဖုန်းကျင်သာဖြစ်တယ်။ သူကလည်း စွန့်ပစ်ထားတဲ့အပျက်အစီးတွေကိုကြည့်နေခဲ့ပြီး သူ့မျက်ဝန်းများကတော့ အပြုံးလေးတစ်ခုနဲ့အတူ အေးချမ်းနေခဲ့တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now