Chapter 7

3.7K 1K 50
                                    

{Unicode}

ရှစ်ရှုန်းသေသွားတည်းက ပါဝင်ပတ်သက်ခဲ့တဲ့လူတွေအားလုံးကို သတ်ပြီး ငါတို့ရဲ့ရန်သူတွေကို သင်္ချိုင်းရှေ့ဂိတ်ပေါက်မှာ သေတဲ့အထိနှိပ်စက်ခဲ့တယ်။ ရလဒ်အနေနဲ့ ငါ့ရဲ့စွမ်းဆောင်နိုင်ရည်ရှိတဲ့ လက်အောက်ငယ်သားတွေကို တာအိုဘုန်းတော်ကြီးတွေဆီက သက်ရှည်ဆေးဖော်လို့မရခဲ့တဲ့ဆေးတွေကိုသုံးခိုင်းပြီး သင်္ချိုင်းနန်းတော်ကြီးတစ်ခုလုံးရဲ့ စွမ်းအားကြီးရဲ့အစောင့်အရှောက်တွေ ဖြစ်လာစေခဲ့တယ်။

အထွတ်အမြတ်ထားရတဲ့သစ်ပင်ကြီးကတဆင့် ရှစ်ရှုန်းကိုပြန်ခေါ်ဖို့ အဓိကသင်္ချိုင်းက နန်းတော်ရဲ့အနီးဆုံးဗဟိုချက်မှာ ရှိနေဖို့လိုတယ်။ ပင်မသင်္ချိုင်းကြီးကို ကာရံထားတဲ့ထောင့်လေးထောင့်ကို မရေမတွက်နိုင်ရှိနေတဲ့ ရှည်လျားလှတဲ့အမိုးခုံးပါမြေတိုက်တွေ၊ သင်္ချိုင်းတွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေ၊ ငါကိုယ်တိုင်တောင်မသွားရသေးတဲ့ ရှုပ်ထွေးပွေလီလှတဲ့ သင်္ချိုင်းဂူကြီးတွေကို ဖန်တီးပြီး အပိုင်းတွေခွဲထားတယ်။ [Kay : အမိုးခုံးပါမြေတိုက်ဆိုတာ ဘုရားရှိခိုးကျောင်းတွေမှာ လူသေမြှုပ်နှံတဲ့နေရာတွေလိုမျိုးကို ပြောတာပါ]

ထောင်ချောက်တွေ၊ စက်ယန္တရားတွေ၊ မြေအောက်ဥယျာဉ်တွေ၊ တာဝါတိုင်တွေနဲ့ နန်းဆောင်လေးတွေ၊ မြေအောက်မြစ်တွေ၊ ချောင်းတွေနဲ့ ရေပန်းတွေ၊ တောင်တွေရဲ့ ရတနာတွေ၊ ရွှေတွေ ငွေတွေ...

... တော်ဝင်နန်းတော်ကြီးတစ်ခုလုံးကို မြေအောက်ထဲ သိမ်းထည့်ထားသလိုမျိုး။

ဒီလိုမျိုး ခန်းနားကြီးကျယ်နေတော့မှ ငါတို့ရဲ့မင်္ဂလာခန်းဖြစ်ဖို့ ထိုက်တန်တာ။ အမ်း ဟုတ်တယ်။ မျန်တျန်းကို ဒီမြေအောက်နန်းတော်ကြီးထဲမှာ မင်္ဂလာဆောင်ဝတ်စုံ ဆင်ပေးရမယ်။ သေဆုံးခြင်းက သူ့ကိုခေါ်ဆောင်သွားတယ်ဆိုရင်တောင် သူကငါ့ရဲ့ရင်ခွင်ထဲမှာပဲ အိပ်စက်ပြီး ငါ့ရဲ့သတို့သမီးလေးဖြစ်နေအုံးမှာ။ ပြီးတော့ ငါနဲ့ခေါင်းတလားတစ်ခုတည်းမှာ အတူအိပ်ကြမှာ။

အနက်ပေါ်မှာ ရွှေရောင်အနားကွပ်ထားတဲ့ဖိနပ်တွေနဲ့ သင်္ချိုင်းရဲ့သွေးစွန်းနေတဲ့လမ်းတစ်လျှောက် တစ်ခါကလူသားဖြစ်ခဲ့ဖူးတဲ့ သင်္ချိုင်းစောင့်ရှောက်သူတို့ရဲ့ ကြောက်ခမန်းလိလိအကြည့်တွေအောက်မှာ ဖြေးဖြေးချင်းလျှောက်လမ်းလာတယ်။ သူက အိပ်ပျော်နေသလိုလူတစ်ယောက်ကို ပွေ့ချီထားပြီး ပေါလောပေါ်နေတဲ့ သတ္တုချိန်းကြိုးပေါ်မှာ ရိုးရိုးမြေကြီးပေါ်လမ်းလျှောက်နေသလိုမျိုး ဖြတ်လျှောက်သွားပြီး ပန်းတွေပွင့်ဖူးနေတဲ့ကြီးမားလှတဲ့ အကေးရှားအပင်ကြီးဆီကို ဦးတည်လိုက်တယ်...

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now