Chapter 8

3.5K 989 22
                                    

[Unicode]

ဝမ်ရှောင်းမိန်ဒိုင်ယာရီ : ဒီနေ့ မြေအောက်မှာငါလေးအမှိုက်ကောက်တယ် huuuuu......

ကြည့်ရတာ ငါအရာတော်တော်များများ မေ့လျော့သွားခဲ့တာပဲ။ ငါ့အဖေ ငါ့အမေနဲ့ ငါ့ပုံမှန်ဘဝတွေကို အဝတ်ဖြူတစနဲ့ ဖုံးထားသလို မေ့ထားခဲ့မိတယ်။ငါအမှောင်ထဲ လုံးဝရောက်နေပြီဆိုတာ သေချာနေတာတောင်မှ ဒီလိုအသိတရားမရှိဖြစ်နေတာကို ကျေနပ်နေမိသေးတယ်။

ဝမ်ရှောင်းမိန်က ကြေးမုံပြင်ကြီးထဲမှာ ပေါ်နေတဲ့ သူ့ပုံကို စိတ်မဝင်စားစွာ ကြည့်လိုက်တယ်။ သိမ်မွေ့တဲ့မျက်ဝန်းတစ်စုံနဲ့ ကြည့်ကောင်းတဲ့မျက်နှာတစ်ခုဘာအမူအရာမှ ပြမနေတာတောင်မှ သူ့ပုံစံက ကြည့်ကောင်းနေတုန်းပဲ။

ဝမ်ရှောင်းမိန် မျက်မှောင်ကြုတ်လိုက်တယ်။ သူသေပြီး ဇွန်ဘီတစ်ကောင်ဖြစ်လာခဲ့တယ် နှစ်တစ်ထောင်လောက်ပိုကြီးတဲ့ ချစ်သူလည်းရှိပြီး အခုဒီမြေအောက်နန်းတော်ကြီးထဲမှာအသက်ရှင်နေတယ်။ သူကဒီအခြေအနေကြီးကို အရမ်းမြန်မြန်ဆန်ဆန်ပဲလက်သင့်ခံလိုက်မိတယ်လို့ခံစားလိုက်ရတယ်။

ဒီကမ္ဘာကြီးရဲ့အပြင်ဘက်တစ်ခုခုကိုသူမြင်လိုက်ရတဲ့အချိန်မှာတောင် သူကအကြာကြီးထိတ်လန့် ကြောက်ရွံ့နေတာမျိုးမရှိခဲ့ဘူး။ သူကသာ ဒီလိုခံစားချက်မျိုးတွေကို ပျောက်ဆုံးသွားခဲ့တာဆိုရင်.....

ဒါကအရမ်းကို သိပ္ပံနည်းမကျလွန်းတယ်!

" ငါကထိန်းချုပ်ခံထားရတာများလား " ဝမ်ရှောင်းမိန်က ကျယ်ဝန်းသောဟောခန်းမကြီးထဲမတ်တပ်ရပ်နေတာဖြစ်တယ်။ သူက မှန်ကိုကြည့်လိုက်ပြီး သူ့ကိုယ်သူရယ်မောလိုက်တယ်။ ဘေးပတ်လည်မှာတော့ ဖ​ယောင်းတိုင်တွေက တောက်ပနေပြီး ကြောက်မက်ဖွယ်အခြေအနေကိုပေးစွမ်းနေတယ်။ အရင်တုန်းကလိုဆိုရင် သူသေးတောင်ထွက်ကျပြီးနေလောက်ပြီ ဒါပေမဲ့ အခုတော့သူဒီနေရာမှာနှစ်ရာနဲ့ချီပြီး နေခဲ့ဖူးသလိုခံစားချက်ကြီးကိုပဲရနေတော့တယ်။

ဝမ်ရှောင်းမိန်ကသူ့ကိုယ်သူ ဖြတ်ပြောလိုက်တယ် " ဒါမမှန်ဘူး.... " ငါဘာဖြစ်နေတာလဲ

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now