Chapter 4

4.6K 1.2K 91
                                    

[Unicode]

ဝမ်ရှောင်းမိန်ကို ကိုင်ထားတဲ့ ဝမ်ဖန်ဂျင်က သူ့ရဲ့ ညစ်ပတ်တဲ့အတွေးတွေနဲ့ ပြင်ပကမ္ဘာက လက်ရှိမျိုးဆက်တွေက ဘယ်လောက်တောင် ပွင့်လင်းမြင်သာမှုရှိနေကြပြီလဲဆိုတာ သဘောမပေါက်ခဲ့ပါဘူး (ကောင်ချောလေးတွေကို အကြံပေးချင်တာကတော့ ယူတို့အပြင်သွားရင် ကိုယ့်ကိုယ်ကို သေချာကာကွယ်စောင့်ရှောက်ကြပါ)

သူ့ရဲ့အသံအက်အက်ထဲကိုမှ လူတိုင်းရဲ့အကြားအာရုံကိုပျော်ဝင်သွားစေနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့အသံလေးကပါ ပါဝင်နေလျှက် ဝမ်ဖန်ဂျင်ကညင်ညင်သာသာလေးပြောလိုက်တယ် " မျန်တျန်း ကိုယ့်နာမည်ကိုခေါ်ပေး... "

(ဒီနေရာမှာ Live လွှင့်ရင်အောက်ကနေ နာမည်ခေါ်ပေးပါဆိုတာတွေးပြီး ရယ်ချမိ)

ဒီဆက်စီကျတဲ့အသံလေးနဲ့ လှပတဲ့မျက်နှာလေးကဘာလဲကွာ ဝမ်ရှောင်းမိန်တစ်ယောက် ကောင်းကောင်းစဥ်းစားနိုင်စွမ်းတောင်မရှိတော့ပဲ ရှုပ်ထွေးနေခဲ့တယ်။ သူသိတဲ့တစ်ခုတည်းသောအရာက သူ့ပခုံးတွေထုံကျင်နေတာပဲဖြစ်တယ်။

ဝမ်ရှောင်းမိန် မျက်နှာကနီပြီးပူတက်လာခဲ့တယ် " ဖန်....ဖန်ဂျင်.... " ဘာဖြစ်လို့ငါ့မျက်နှာကနီလာရတာတုန်း စဥ်းစားကြည့်ရင် ငါက ခြောက်နှစ်လောက် BL ကိုစွဲလမ်းလာခဲ့တဲ့သူလေ အရင်ကဘာမှမမြင်ခဲ့ဖူးတာမလို့လား?

ဘာလို့ငါ့မျက်နှာက ဒီလောက်လွယ်လွယ်ပြောင်းသွားရတာလဲ မရဘူး ငါမလုပ်နိုင်ဘူးကွာ_ဒါပေမယ့်... ဒါပေမယ့် ဒီဖက်ထုပ်ကအရမ်းကိုလှနေတယ်ဟ!!

" ဒါ...ဒါဆိုမင်းလည်းငါ့ကိုဝမ်ရှောင်းမိန်လို့ခေါ် " ဒီအရာကိုပြောရတာက သူ့ကိုယ်သူမျန်တျန်းအစားထိုးအဖြစ်ခံစားနေရလို့ပဲဖြစ်တယ်။

ဝမ်ဖန်ဂျင်းကသူ့ခေါင်းလေးကို စောင်းလိုက်တယ်။ သူ့နောက်ဘက်မှာတော့ မက်မွန်ပန်းပွင့်တွေကတောက်ပစွာရှိနေကြတယ်။ အနက်ရောင်ဆံနွယ်တွေ အနီရောင်သရဖူ သူ့မျက်ခုံးနှစ်ခုကြားကအနီရောင်အမှတ်အသား ကြီးမားတဲ့အမှောင်ထုကြီးနဲ့ပြည့်နေတဲ့မျက်ဝန်းကျဥ်းကျဥ်းလေးတွေ အကုန်ခြုံကြည့်ရင်သူက အွန်လိုင်းဂိမ်းတွေထဲက နတ်ဆိုးဘုရင်ကြီးလိုပဲ။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now