Chapter 10

3.1K 857 38
                                    

[Unicode]

ဝမ်ရှောင်းမိန်၏ဒိုင်ယာရီ : ငါအများကြီးမလိုချင်ပါဘူး။ စပိုင်စီဟော့ပေါ့လေးလုပ်ဖို့ပါပဲ~~~

ဝမ်ရှောင်းမိန် ဝမ်ဖန်ဂျင်ကခေါင်းငုံ့ထားတာကြောင့် သူ့ရဲ့မလှိမ့်တပတ်နဲ့ အကျည်းတန်လှတဲ့အမူအယာကို မမြင်လိုက်ဘူး။ နီရဲနေတဲ့သွေးကြောမျှင်တွေက နက်မှောင်တဲ့မျက်လုံးသူငယ်အိမ်ထိ ပြန့်ကျဲသွားပြီး မျက်လုံးအခေါင်းပေါက်တစ်ခုလုံးအပြည့်ဖုံးလွှမ်းသွားတယ်။

အသုံးမကျတဲ့အဖိုးကြီးကတော့! သူကများငါ့ကို လိမ်ရဲတယ်! ဘာလို့ရှစ်ရှုန်းက ငါ့ကို သတိထားနေရတာလဲ? ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ! ငါလုပ်ခဲ့တဲ့ကျင့်စဉ်က ပြည့်စုံနေတာပဲကို!

အဲ့အသုံးမကျတဲ့လူအိုကြီးက လိမ်တာပဲဖြစ်ရမယ်! ဝမ်ဖန်ဂျင်နှုတ်ခမ်းကိုကိုက်ပြီး သူ့ရဲ့ပြင်းထန်တဲ့အသက်ရှုသံကို ထိန်းချုပ်ဖို့ကြိုးစားလိုက်တယ်။ တကယ်လို့အခုချိန်ထိ အဲ့သက်ကြားအိုကြီးသာ မသေသေးဘူးဆိုရင် သူ့ကိုသေလောက်အောင် နှိပ်စက်မိမှာ။

" ဒါက...ငါတကယ်အဲ့လိုအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး " ဝမ်ရှောင်းမိန်က စားလက်စတွေကို ခပ်မြန်မြန်အောက်ချလိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။ ယင်ကောင်တွေကသူတို့ရဲ့လက်တွေကိုပွတ်သလိုမျိုးပွတ်နေရင်း ဝမ်ရှောင်းမိန်ကစပြီး ချော့လိုက်တယ် " ငါတကယ်အဲ့လိုပြောတာမဟုတ်ပါဘူးကွာ မင်း...မင်းကလူကောင်ကြီး ကြီးတဲ့ gong ဖြစ်နေပြီး ဘာလို့များကောင်မလေးလိုပြုမူနေရတာလဲ? နေပါအုံး! မဟုတ်မှလွဲရော...မင်းက Shou လား!? မဟုတ်ဘူး! ဒါမကောင်းဘူး! ဒါက Shou လေးနှစ်ယောက်အတွက် မဖြစ်နိုင်ဘူးလေ "

ဝမ်ဖန်ဂျင်က gong တွေ shou တွေကဘာမှန်းမသိသော်ငြားလည်း အခြေအနေတွေကိုကြည့်ပြီးခန့်မှန်းလိုက်နိုင်တယ်။ သူကဝမ်ရှောင်းမိန်ကိုကြည့်ပြီး ပြောလိုက်တယ် " မျန်တျန်း မင်းအတွေးလွန်နေပြီ... "

ကောင်းတယ် ကောင်းတယ်။ မင်းအခုပဲ ငါ့ကိုလန့်ဖြန့်သွားအောင်လုပ်လိုက်တာပဲ။

ဝမ်ရှောင်းမိန်ကသူ့ရဲ့လည်ချောင်းကိုဟန့်လိုက်ပြီး နည်းနည်းရှက်ရှက်နဲ့ပြောလိုက်ရတယ် " ငါပြောခဲ့တာက မြင့်မြတ်တဲ့သစ်ပင်ကြီးနားကခွာရင်ငါသေရမယ်လေ ဒါ့ကြောင့် ဘယ်လိုဖြစ်ဖြစ်ငါထွက်သွားနိုင်မှာမဟုတ်ဘူးလို့ "

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now