Chapter 24

427 77 2
                                    

{Unicode}

ဆင့်ခေါ်ခံသတ္တဝါလေးကျန်းပိုင်က ဖော်ရွေတဲ့မျက်နှာလေးနဲ့ ဟယ်လိုဆိုပြီး နှုတ်ဆက်လာပေမယ့် သူ့နောက်မှာရှိတဲ့ ဝမ်ဖုန်းကျင်က နှာခေါင်းရှုတ်လိုက်တယ် "မင်းကိုး မင်း ပြန်လာရဲသေးတယ်!" သူ့စကားဆုံးသွားတဲ့နောက် လှုပ်ရှားလာပြီး တစ်ချက်တည်းနဲ့ ကျန်းပိုင်ကို သတ်ဖို့ပြင်လိုက်တယ်။

ဝမ်ရှောင်းမျယ်က သူ့နောက်ဘက်ကနေ အမြန်ဆွဲထားရပြီး ကျန်းပိုင်ကတော့ ထိတ်ထိတ်ပျာပျာနဲ့ သူ့လက်ကိုယမ်းကာ စိုးရိမ်တကြီးပြောလာတယ် "ဒီတစ်ခေါက် ကျွန်တော်လာတာ ခင်ဗျားတို့ဆီက ခိုးဖို့မဟုတ်ပါဘူး၊ ခင်ဗျားတို့ကို လျှို့ဝှက်သတင်းတချို့ ပေးဖို့လာတာ!"

လျှို့ဝှက်သတင်း?

ဝမ်ရှောင်းမျယ် မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားတယ် "မင်း ဘာပြောချင်တာလဲ?"

"သူ့ရဲ့ပေါက်ကရတွေကို နားမထောင်နဲ့၊ ဒီလူက မုအာ့ကိုတောင် ရှောင်ပြီးတော့ ဒီနေရာကိုရောက်လာနိုင်တယ်ဆိုတော့ ဒီလောက် မရိုးရှင်းဘူး၊ ရှောင်းမျယ် ဘေးဖယ်နေ မင်းကို မထိခိုက်စေချင်ဘူး... ကိုယ့်ကိုယုံ၊ ဒီဟာကို အမြန်ရှင်းပေးမယ်" ဝမ်ဖုန်းကျင်က ကျန်းပိုင်ကို သွေးအေးမြွေပွေးတစ်ကောင်လို စိုက်ကြည့်နေပေမယ့် ဝမ်ရှောင်းမျယ်ခေါင်းကို လှည့်ပုတ်ပေးချိန်မှာတော့ နူးညံ့သိမ်မွေ့မှုတွေနဲ့ နှစ်သိမ့်နေသလိုမျိုး မျက်လုံးတွေက အေးချမ်းနေတယ်။

အခုဆို ဝမ်ရှောင်းမျယ်လည်း သူ့ရဲ့နူးညံ့မှုရဲ့နောက်ကွယ်က အကြင်နာတရားခေါင်းပါးမှုကို ရင်းနှီးနေပြီ။ သူပြောတဲ့ 'ဒီဟာကို အမြန်ရှင်းလိုက်မယ်'ဆိုတာက ဆံပင်တစ်မွှေးတောင် ကျန်နေခဲ့မှာမဟုတ်တာကို ပြောတာပဲ!

"မုအာ့? အဲ့တာ ဘယ်သူလဲ?" ကျန်းပိုင်က လက်ကိုခါယမ်းကာ ပြောလိုက်တယ် "အရင်ဆုံး အဲ့အကြောင်းမပြောဘဲ ထားရအောင်! ကျွန်တော်ပြောတာ နားထောင်လို့! ခင်ဗျားတို့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်တော်ပြန်လာတယ်ဆိုတာ တကယ်ပါ၊ ခင်ဗျားတို့ကို ပြောရမယ့် အရေးကြီးသတင်းရှိတယ်! ပြီးတော့ ခင်ဗျားတို့က ဒီသင်္ချိုင်းထဲမှာ နှစ်ပေါင်းထောင်ကျော်လောက် ငြိမ်ငြိမ်လေးလှဲနေကြတဲ့ ပိုင်ရှင်တွေလေ ဟုတ်တယ်မှတ်လား? ဟဲ ဟဲ ဘာဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော့်အစ်ကိုဆီ ပြန်ပြောပြလိုက်တော့ ခင်ဗျားတို့တွေက ကျောက်စာထဲမှာ ထွင်းထားတဲ့သူတွေဖြစ်မယ်လို့ သူက ကောက်ချက်ချလိုက်တယ်... ခင်ဗျားက ပြဒါးလုံးအတွက် ရုန်းကန်ရင်း သေသွားရတဲ့ရှစ်ရှုန်း ပြီးတော့ ခင်ဗျားက ခင်ဗျားရဲ့ရှစ်ရှုန်းနဲ့အတူ ဆွေးမြေ့သွားဖို့ ဆုံးဖြတ်ခဲ့တဲ့ အနက်ရောင်အရှင်သခင်ပဲ ဖြစ်ရမယ်"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now