Chapter 27

455 71 1
                                    

{Unicode}


မြေအောက်တွင်။

ဝမ်ရှောင်းမျယ် အကျီလက်စနှစ်ဖက်လုံးကို ခေါက်တင်ကာ ခန်းမတွေထဲက တစ်ခုရဲ့ဝင်ပေါက်မှာ မတ်တပ်ရပ်နေတယ်။ တံခါးကိုတောင် ကျော်ပြီးလျှံထွက်နေတဲ့ ရွှေပမာဏကိုကြည့်ကာ မပျော်ဘဲ စိတ်ရှုပ်နေရတယ်။

အိနြေကြီးတစ်ခွဲသားနဲ့ ထိုကြားကနေ ခွေးကူးလေးကူးကာ စတင်ဖြတ်ကျော်တော့တယ်။

ကျောက်မျက်ရတနာတွေနဲ့ ရွှေတွေအားလုံးကို ဘေးဘက် တွန်းပို့လိုက်တယ်။ အခု သူလိုနေတာက လက်နက်!

"ရှောင်ဝမ်းကျစ် ငါ့ကိုအမြန်လာကူအုံး!"

ဝမ်ဖုန်းကျင်ရောက်လာတဲ့အခါ သူ့ရဲ့အချစ်ဖက်ထုပ်လေးက ဖင်လေးကုန်းကာ 'မြေကြီး'တူးနေတာကို တွေ့လိုက်ရတယ်။ သူ့နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး "ရှောင်းမျယ် မင်းရဲ့တင်ပါးကို အရမ်းမမြှောက်ထားနဲ့"

သူ့မျက်နှာမှာ အနက်ရောင်လိုင်းကြီးတွေထကာ ဝမ်ရှောင်းမျယ် သူ့ကိုပြန်လှည့်ပြီး စိုက်ကြည့်လိုက်တယ် "လူရမ်းကား လာလုပ်မနေနဲ့၊ ငါ့ကို လာကူပါဆို၊ ရုပ်ရှင်တွေထဲမှာ ဘယ်big bossကြီးက လက်နက်တစ်ခုတောင် မသယ်တာ မြင်ဖူးလို့လဲ? ငါတို့သင်္ချိုင်းက နှစ်ရက်လောက်နေရင် အတူးခံရတော့မှာ ဒါတောင် မင်းက စိတ်အေးလက်အေး နေနိုင်သေးတယ်"

"မင်းနဲ့ ကိုယ်က သင်္ချိုင်းနန်းတော်ကြီးထဲက ထွက်သွားလို့မရဘူးဆိုတော့ ကိုယ်တို့လုပ်နိုင်တာဆိုလို့ ဒီမှာနေပြီး စောင့်နေရုံပဲရှိတယ်" ဝမ်ဖုန်းကျင် ပြောလိုက်ပေမယ့် သူ့အကျီလက်တွေကို ပင့်တင်ကာ ရှာဖွေရေးမှာ ဝင်ကူတော့တယ်။

"ဒါပေမယ့်လည်း အနည်းဆုံးတော့ ပြင်ဆင်ထားရမှာပေါ့၊ တကယ်လို့ မင်းသာ သူတို့ကို မရိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ?"

"ဒါဆိုလည်း ရှစ်ရှုန်း ရှိနေသေးတာပဲကို" ဝမ်ဖုန်းကျင် အပြုံးလေးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

"ငါက ဘယ်လိုလုပ် ကူညီနိုင်မှာလဲ? မင်းက ငါ့ကို ရဲခေါ်တာဖြစ်ဖြစ် ဆေးရုံကားခေါ်တာဖြစ်ဖြစ် လုပ်စေချင်တာလား?" ဝမ်ရှောင်းမျယ်ကတော့ သူ့ခေါင်းကို ရတနာပုံထဲ နှစ်ထားဆဲ။ ရုတ်တရက် သူ့မျက်လုံးတွေ အရောင်တောက်သွားကာ ရွှေချည်မျှင်နဲ့ရက်ထားတဲ့ အောက်ခံအကျီလေးကို ဆွဲထုတ်လိုက်တယ်???

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now