Chapter 39

374 73 7
                                    

{Unicode}

မနက်ခင်း သုံးနာရီအချိန်မှာ မြင်နေတွေ့နေကျ အဖြူရောင်ဗန်ကားတစ်စီးက မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းရှေ့မှာ ရပ်သွားတယ်။ ကားနောက်ခန်းက ပွင့်လာပြီး တစ်ခုခုက ကန်ထုတ်လိုက်သလိုမျိုး ကြီးမားတဲ့အရာတစ်ခုက စခန်းရဲ့တံခါးကိုဖြတ်ကာ လွင့်ပျံထွက်ပြီးရောက်လာတယ်။

ထို့နောက် ဗန်ကားက ဝေလီဝေလင်းအချိန်မှာ အရှိန်ပြင်းစွာ မောင်းထွက်သွားပြီး လမ်းပေါ်မှာ ကားအိတ်ဇောငွေ့တွေသာ ကျန်နေခဲ့တယ်။

ကားနောက်ခန်းထဲမှာ ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ကို မှီရင်းထိုင်နေကာ polaroidတစ်ခုနဲ့ ဆော့နေတယ်။ [ T/N : ဓာတ်ပုံရိုက်လိုက်တာနဲ့ ပုံတန်းထွက်တဲ့ ကင်မရာပါ ]

"သူပြစ်မှုကျူးလွန်ထားတဲ့ဓာတ်ပုံတွေနဲ့ သူ့ရဲ့လက်ဗွေရာတွေရှိတဲ့ လက်နက်တွေအားလုံး ပါတယ်"

"သင်္ချိုင်းတွေကို ဝင်စီးတယ်၊ လူသတ်တယ်၊ တရားမဝင်သေနတ်ကိုင်ဆောင်တယ်... မနက်ဖြန်လောက်ဖြစ်ဖြစ် သူ့ကို သတင်းထဲမှာ တွေ့နိုင်လောက်မယ်လို့ ထင်တာပဲ"

မျက်နှာဖုံးတပ်ရတာကို နှစ်ခြိုက်တဲ့လူတစ်ယောက်အတွက်ဆို သူ့ရဲ့ပုံရိပ်အစစ်အမှန်ကို လူသိရှင်ကြားထုတ်ဖော်လိုက်ပြီး တချိန်တည်းမှာ သူ့ကိုအချုပ်ချကာ သူ့ပြစ်မှုတွေအတွက် ပြန်ပေးဆပ်ခိုင်းတာထက် ပိုကောင်းတာက ဘာလဲသိလား?

ဒီလိုအလုပ်အကိုင်လုပ်ကြတဲ့သူတွေက သေဖို့ကို မကြောက်ကြပေမယ့် သေတာထက်ပိုကြောက်စရာကောင်းပြီး ပြန်လမ်းမရှိတဲ့နေရာတစ်ခုကို ဝင်ရမှာကိုတော့ ကြောက်ကြတယ်။

ကားမောင်းတဲ့သူဘေးက ထိုင်ခုံမှာထိုင်နေတဲ့ ရှောင်လျို့က နောက်လှည့်လာပြီး ခိုးခိုးခစ်ခစ်ရယ်နေတဲ့ ဝမ်ရှောင်းမျယ်ကို အနည်းငယ်ကျောချမ်းစွာ ကြည့်လိုက်တယ်။

ဘာကြောင့်များ နှစ်တစ်ထောင်လောက်ရှိတဲ့ ဖက်ထုပ်အိုကြီးက ခေတ်သစ်နည်းစနစ်တွေကို သိနေရတာလဲဆိုပြီး သူ အံ့ဩတကြီးဖြစ်ရပေမယ့် သူတို့ကြောင့်ပဲ သူ့ဆရာနဲ့သူ အသက်ရှင်ခဲ့ရတာဖြစ်တယ်။ အခုတော့ သူတို့ကို တိတ်တိတ်လေးပဲ ကြောက်နေနိုင်တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now