Chapter 38

367 75 17
                                    

{Unicode}

"ကောင်းပြီ ကောင်းပြီ၊ ငါ ဒီလိုအသုံးမဝင်တဲ့စကားတွေ မပြောတော့ဘူး၊ မင်းကို ပို့ပေးဖို့အချိန်ကျပြီ!!!"

ကျန်းပိုင်ကလည်း ခပ်ဆင်ဆင် ယိုင်နဲ့နေတဲ့အခြေအနေဖြစ်နေတာကြောင့် သူ့လက်နက်ကို မြှောက်ဖို့တောင် တော်တော်လေးရုန်းကန်လိုက်ရတယ်။ သူက သွေးတွေဆုံးရှုံးထားတာကြောင့် ဆံပင်တွေအဖြူရောင်ပြောင်းနေတဲ့ ဝမ်ဖုန်းကျင်ကို ဓားနဲ့ရွယ်လိုက်တယ်။ လှုပ်ရှားဖို့တောင် အားနည်းလွန်းတဲ့အတွက် ဝမ်ဖုန်းကျင်မှာတော့ ကျန်းပိုင်ရဲ့ပျက်ရယ်ပြုတာကိုသာ လက်ခံနေရတယ်။

ထိုအခိုက်မှာ အရာအားလုံးက အနှေးကွက်ဖြစ်သွားတယ်...

စိတ်ရောဂါသည်တစ်ယောက်လို ရယ်နေတဲ့ကျန်းပိုင်က ထူးခြားတဲ့လက်နက်ကို ဝင့်ကာ ဝမ်ဖုန်းကျင်ကို ခုတ်ချလိုက်တယ်။ လက်နက်နဲ့ ထိမိတဲ့သူ့အရေပြားက မီးခိုးရောင်ပြောင်းသွားပြီး ဒဏ်ရာအသစ်ဆီမှ သွေးတွေစိမ့်ထွက်လာတယ်။

လေက သဲကြီးမည်းကြီးတိုက်ခတ်နေဆဲဖြစ်ကာ မက်မွန်ပင်ကြီးရဲ့ပွင့်ဖတ်တွေက လွင့်မြောနေတယ်။ ပန်းပွင့်တွေဆီက ယစ်မူးဖွယ်အနံ့က အော့အန်ချင်စရာကောင်းတဲ့ သွေးနံ့နဲ့ ရောယှက်သွားတယ်။

'အာ ~ သူ့ပေါ်မှာ သွေးတွေချည်းပဲ၊ ဒီလိုသနားစရာကောင်းတဲ့ပုံစံဖြစ်နေတော့ တအားပျော်တာပဲ~"

ရုတ်တရက်ဆိုသလို သူ့ပုခုံးပေါ် လက်တစ်ဖက်ကျရောက်လာချိန်မှာ ကျန်းပိုင်ရဲ့ ကျိတ်ရယ်နေတာတွေ လွင့်ပျယ်သွားတယ်။

"လူငယ်လေး၊ မင်း ဘတ်စကတ်ဘောပြိုင်ပွဲ ကြည့်ဖူးလား?"

ကြောက်မက်ဖွယ်အသံတစ်ခုက သူ့နားထဲ ဖြတ်ဝင်လာတယ်။ မျက်နှာပေါ်က မဲ့ပြုံးကြီးကလည်း အေးခဲသွားပြီး ကျန်းပိုင် တောင့်တောင့်ကြီး လှည့်လာတယ် 'မဖြစ်နိုင်တာ! အနောက်မှာ ဘယ်လိုလုပ်ပြီး တစ်ယောက်ရှိနေရတာလဲ? ခြိမ်းခြောက်စရာဖြစ်လာနိုင်သမျှ အားလုံးကို ဖြုတ်ခဲ့ပြီးပြီဆိုတာ သေချာရဲ့သားနဲ့!!'

သူလှည့်လိုက်တယ်ဆိုရင်ပဲ အနောက်မှာရှိတဲ့လူက ပြောလာတယ် "မင်းကြည့်ဖူးတယ်ဆိုရင်လည်း Buzzer Beater ဆိုတာမျိုးကို ကြားဖူးလောက်မှာပေါ့!" [ T/N : buzzer beater ဆိုတာက အချိန်ပြည့်ဖို့ ကတ်သီးလေးလိုတော့တဲ့အချိန်မှာတင် ဘောလုံးဝင်သွားတာမျိုးကို ပြောတာပါ ]

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now