Chapter 28

383 59 3
                                    

{Unicode}

ငါးရက်မြောက်နေ့ မနက်ပိုင်းတွင် ဆိတ်ငြိမ်ပြီးမြူဆိုင်းကာ မြေဩဇာမကောင်းတဲ့ တောင်တွေထဲ လူတစ်စုက မြက်ရိုင်းမြေပေါ် တဲတစ်ခုထိုးလိုက်တယ်။ ပစ္စည်းကိရိယာတွေပါတဲ့ဘူးတွေကို သယ်ပို့ပြီး နေရာချထားပြီးပြီဖြစ်တယ်။

ပိန်ပါးကာ အားနည်းဟန်ပေါ်တဲ့ လူငယ်လေးက သူတို့နေထိုင်ရာနေရာတစ်ဝိုက်မှာ ပိုးသတ်ဆေးမှုန့်တွေကို ခရေစေ့တွင်းကျ လိုက်ဖြန်းနေတယ်။ သူ လှည့်လိုက်တော့ သူ့ရဲ့ဆရာသခင်က ကျောက်တုံးတစ်တုံးပေါ်ထိုင်ကာ တိုတိုပြားပြားဓားတစ်ချောင်းကို အဝတ်တစ်ထည်နဲ့ စိန်ပြေနပြေသုတ်နေတာ တွေ့လိုက်ရတယ်။

"ရှစ်ဖူ၊ ဒီအပြင်မှာက အရမ်းပူတယ်လေ၊ ဘာလို့ တဲထဲမှာ ဝင်မနေတာလဲ?"

"ဒီတဲကြီးက တအားစိမ်းလွန်းတယ်" အမျိုးသမီးက သူမလက်ထဲကဓားကို ရှုစားရင်း စိတ်မပါတပါဖြေလိုက်တယ်။

လူငယ်လေး အနည်းငယ်သီးသွားပြီးနောက် သက်ပြင်းချကာ "ရှစ်ဖူ၊ သူတို့နဲ့အထဲကို မဝင်ချင်ဘူးဆိုလည်း ပြောလိုက်ပါ၊ ဒါက တဲစိမ်းကြီးပါ၊ ဦးထုပ်စိမ်းကြီး မဟုတ်ပါဘူး... ညရောက်ရင်လည်း အိပ်ရမှာပဲကို"

အမျိုးသမီးက သူ့ကို စိုက်ကြည့်ကာ "နင်ကများ ငါနဲ့လာငြင်းခုန်ရဲတယ်၊ နင့်ကို ငါမရိုက်တာကြာလို့ နင့်ခေါင်းထဲမှာ အဆီတွေနဲ့ ပြည့်လာတာလား?! သေချာနားထောင် ငနုံလေး၊ ကျန်းမူဆိုတဲ့ အဲ့လူရိုးကြီးကလွဲရင် ဘယ်သူ့ကိုမှ မယုံလိုက်နဲ့... သူတို့အားလုံးကို နင့်ကို အတောင့်လိုက်မြိုချနိုင်တဲ့ သက်ရှိတစ္ဆေတွေချည်းပဲ"

ရှောင်လျို့ဆိုတဲ့လူငယ်လေးက တလေးတစားခေါင်းငြိတ်ကာ ပျော်ပျော်ကြီး ပြန်ဖြေလိုက်တယ် : "ကျွန်တော် နားလည်ပါပြီ၊ ကျန်းမူနဲ့ ကျန်းပိုင်ရယ် ရှစ်ဖူရယ်ကလွဲရင် ကျွန်တော် ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပါဘူး"

"ကျန်းမူနဲ့ ကျန်းပိုင်မဟုတ်ဘူး၊ ကျန်းမူတစ်ယောက်တည်း"

"ဟ? ဘာလို့လဲ?" ရှောင်လျို့ အံ့ဩသွားတယ်။

အမျိုးသမီးက မျက်လုံးကို​မှေးကျဉ်းကာ "အဲ့ကလေး ကျန်းပိုင်က... သူက စိတ်ဓာတ်မကောင်းဘူးလို့ အမြဲခံစားရတယ်"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now