Chapter 6

3.9K 1.1K 44
                                    

[Unicode]

ဝမ်ရှောင်းမိန်၏ဒိုင်ယာရီ : ဒီနေ့သည် ဒီမြေအောက်နန်းတော်ကြီးထဲ အသစ်စက်စက်ဇနီးလေးဖြစ်ခဲ့ရသည့်ဒုတိယမြောက်နေ့လေးဖြစ်သည်.....

......ဗိုက်ဆာတယ်

ကြီးမားတဲ့အပင်ကြီးအောက်မတ်တပ်ရပ်ပြီး ကြွေကျနေတဲ့ပန်းပွင့်လေးတွေကိုကြည့်ရင်းဖြင့် ဝမ်ရှောင်းမိန်ရဲ့မျက်လုံးထဲ ဆာလောင်မှုတို့ကကြီးစိုးလာတယ်။

သူက သူ့ရဲ့တံတွေးကိုမျိုချလိုက်ပြီး " ငါဒီအပင်ကြီးကိုစားလိုက်လို့ရမလား "

" အခုအချိန် ဒီရှေးဟောင်းပင်ကြီးကမင်းရဲ့ခန္ဓာကိုယ်နဲ့ဆက်သွယ်ထားတာလေ အပင်သာပျက်စီးသွားမယ်ဆိုရင်...." ဝမ်ဖန်ဂျင်က ရှုပ်ထွေးမှုအနည်းငယ်ပါနေလျှက်မေးလိုက်တယ် " ရှစ်ရှုန်း ဘာလို့မေးတာလဲ "

" ဘာလို့လဲဆိုတော့ ငါဗိုက်ဆာနေလို့လေ " ဝမ်ရှောင်းမိန်က သူ့ရှေ့ကတစ်ခုတည်းသောစားစရာလေးကိုကြည့်ရင်း ဝမ်းနည်းမျက်ရည်တို့ကကျလာခဲ့တယ်။

ဒါကသူဒီနေရာမှာရောက်နေတာနှစ်ရက်တောင်ရှိခဲ့ပြီလေ။ သူကသေပြီးသားဖြစ်နေတာတောင် ဘာလို့ဗိုက်ဆာနေရသေးတာလဲ။ ပြီးတော့ သူအသက်ရှင်နေတုန်းကလိုမျိုးကို ဆာနေတာ! စားစရာမရှိတာနဲ့ စားဖို့လိုအပ်နေတာက သူ့ကိုအရမ်းစိတ်ဆိုးစေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမြေအောက်နန်းတော်နဲ့ ထိစပ်နေတဲ့ နယ်နမိတ်အတွင်းမှာတော့ သစ်ပင်ရဲ့ပင်စည်ကို တဖြည်းဖြည်းချင်း တစစီကိုက်ဖြတ်ဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူက ' မိသားစု သစ်ပင် ' ထဲဝင်ပြီး ' ဝမ်သစ်ပင်လူသား ' ဖြစ်လာတာကြောင့်ပဲ။ သစ်ပင်ကို အကြာကြီးထားပြီး ထွက်သွားရင် သူ့ရဲ့အသားအရောင်က မီးခိုးရောင်သန်းတဲ့ အစိမ်းရောင်လိုမျိုးအရောင်ကြီးကို ပြောင်းသွားလိမ့်မယ် တော်တော်လေးကြောက်ဖို့ကောင်းတဲ့ ပုံစံမျိုးပေါ့။

သူ့ရဲ့ဆာလောင်မှုကို သူ့အားပြောပြပြီးဖြေရှင်းသင့်တယ်လို့ခံစားနေရတယ်။ သူသာမဖြေရှင်းခဲ့ရင်ဆိုးဝါးတာတစ်ခုခုဖြစ်လာနိုင်တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now