Chapter 14

2.7K 820 24
                                    

[Unicode]

" နေအုံး! ဖန်ဂျင် နေပါအုံး! သူကဒီကိုပစ္စည်းတစ်ခုရှာဖို့လာရုံပါကွာ! ကြည့်! အဲ့တာက ဒီဟာ.... " ဝမ်ရှောင်းမိန်ကသူ့လက်ကိုမြှောက်လိုက်ပြီး သူ့ရဲ့ခေါင်းစည်းကြိုး ကိုခါပြလိုက်တယ်။ ကလစ် ကလစ် အသံလေးထွက်မလာခင် တစ်ချိန်ထဲမှာပဲ သူ့မှာအနိုင်နိုင်နဲ့ ဝမ်ဖန်ဂျင်ကို တားဖို့ကြိုးစားနေရတယ်။ ပြီးနောက် ကျန်းပိုင်ခဗျာနောက်ထပ်တစ်ကြိမ် သေမင်းတံခါးဝကနေလွတ်ခဲ့ရပြန်တယ်။

သူ့ရဲ့သူငယ်ချင်းအသစ်လေးက သူ့ပါတနာနဲ့ ဘာလို့စကားများနေရတာလဲ သူမသိခဲ့ဘူး ဒါပေမဲ့ လူသားတွေရဲ့ပင်ကိုယ်အသိစိတ်အရ သူသိနေတာကတော့ ဒီအသစ်ရောက်လာတဲ့လူက ပေါ့သေးသေးဆက်ဆံလို့မရတဲ့လူဆိုတာပဲ
ကျန်းပိုင်က ငါးပုလဲကို သူ့အင်္ကျီထဲကို ထည့်လိုက်လိုက်ပြီး ဝမ်ရှောင်းမိန် နောက်မှာ ပုန်းကာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေအနေကို လေ့လာဖို့ ခေါင်းလေးထုတ်ပြီး ကြည့်လိုက်တယ်။

ဝမ်ဖန်ဂျင်က ဝမ်ရှောင်းမိန် ခေါင်းစည်းကြိုး ခါပြတာလည်းမြင်ရော စိတ်လျော့သွားရမယ့်အစား သူ့မျက်နှာအမူအရာကပိုပြီး ပျက်ယွင်းလာခဲ့တယ်။

ဝမ်ဖန်ဂျင်လာခဲ့တဲ့နေရာရဲ့ ဓလေ့ထုံးတမ်းများအရ ယောကျ်ားတစ်ယောက်က သူ့ရဲ့ခေါင်းစည်းကြိုးကိုပေးတာတွေ မိန်းမတစ်ယောက်က သူ့ရဲ့လက်ကိုင်ပုဝါ ဒါမှမဟုတ် သူ့ရဲ့ဆံထိုးကိုပေးတာတွေက သူတို့ရဲ့ချစ်ခင်ကြင်နာမှုကိုပြချင်လို့ လုပ်တဲ့အရာတွေဖြစ်တယ်။ ဆန့်ကျင်ဘက်အားဖြင့် ထိုကဲ့သို့သောပစ္စည်းများအတောင်းဆိုတယ်ဆိုလျှင်တော့ ဒါဟာဆွဲဆောင်တယ်လို့အဓိပ္ပါယ်သက်ရောက်တယ်။

ဒါပေမယ့် ဝမ်ရှောင်းမိန်ကဒီအကြောင်းကိုနားမလည်ခဲ့ဘူး။ ရုတ်တရက်ကြီးပြုံးလာတဲ့ ကြောက်စရာကောင်းတဲ့ဝမ်ဖန်ဂျင်ကိုသူကကြည့်နေပြီး သူက အနိမ့်သံလေးနဲ့ပြောလာတယ် " ရှစ်ရှုန်း ကျွန်တော့စိတ်ကို ကျွန်တော်ပြောင်းလိုက်ပြီ။ သူ့ကိုသတ်ဖို့ မုယီိကိုမခိုင်းချင်တော့ဘူး.... "

ဝမ်ရှောင်းမိန်စိတ်သက်သာရာ ရသွားခဲ့တယ် " မင်းနားလည်.... "

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now