Chapter 26

562 85 4
                                    

{Unicode}

ကျန်းပိုင်အလည်လာပြီးတည်းက ဝမ်ရှောင်းမျယ်တစ်ယောက် အလွန်တရာပျော်ဖို့ကောင်းတဲ့ ဝါသနာတစ်ခုကို ရှာတွေ့သွားခဲ့တယ်။

ဝမ်ရှောင်းမျယ် "ဝိုး ကျန်းပိုင်က ဒီလောက်တောင်ကောင်းတဲ့ လူပါလားနော်! ငါထင်တာတော့..."

ဝမ်ဖုန်းကျင် မျက်နှာ ပြာနှမ်းနေပြီး နှုတ်ခမ်းတွေကိုလည်း ကိုက်ထားတယ်။

ဝမ်ရှောင်းမျယ် "ငါတို့ဆီမှာ ကျန်းပိုင်လိုမျိုး ကလေးတစ်ယောက်ရလာမယ်ဆိုရင် မင်းဘယ်လိုပြောမလဲ..."

ဝမ်ဖုန်းကျင် မေးရိုးတွေ တင်းကျပ်နေပြီး လည်စေ့ကလည်း တက်လိုက်ကျလိုက် တောက်လျှောက်ဖြစ်နေတယ်။

ဝမ်ရှောင်းမျယ် "တကယ်လို့သာ ငါတို့ _ hmmm hmmm!"

ဝမ်ဖုန်းကျင် သူ့ပါးစပ်ကို ပိတ်လိုက်တယ်။ တည်ငြိမ်သွားတော့မှ သူပြောလာတယ် "ရှောင်းမျယ်... စကားမပြောနဲ့တော့"

ဝမ်ရှောင်းမျယ်က စိတ်ပျက်စရာကောင်းလောက်အောင် ပြုံးဖြီးဖြီးကြီးနဲ့ သူ့လက်မောင်းတွေကြားက ထွက်လာတယ်။

"မင်း ကျန်းပိုင်ကို ဘာကြောင့်မုန်းနေတာလဲဆိုတာကို မပြောပြဘူးဆိုရင် ငါကတော့ ဆက်ပြောမှာပဲ!"

ကျန်းပိုင်အပေါ် ဝမ်ဖုန်းကျင်ရဲ့အမုန်းတရားက တစ်ခုခုပဲဆိုတာကို ဝမ်ရှောင်းမျယ် မနေ့က ရှာဖွေတွေ့ရှိသွားခဲ့တယ်။ မဟုတ်ရင် သူ့နာမည်ကိုပြောလိုက်တာနဲ့ မျက်နှာပေါ်မှာ ရွံရှာသလိုအကြည့်မျိုး ဖြစ်လာစရာအကြောင်းမရှိဘူး။ သို့ပေမယ့် သူတို့နှစ်ယောက်က သင်္ချိုင်းထဲမှာ နှစ်ကြိမ်တိုင်တိုင်တွေ့ခဲ့တာကလွဲလို့ ယခင်က တွေ့ခဲ့ဖူးတာမျိုးမရှိဘူး။ ရှောင်းဝမ်ကျစ်က ဘာလို့ဒီလိုမျိုး တုံ့ပြန်လာရတာလဲ? ဝမ်ရှောင်းမျယ်ခမျာ သိချင်လွန်းလို့ တကိုယ်လုံးယွစိထိုးနေပြီ။

သို့ပေမယ့် သူဘယ်လိုနည်းလမ်းပဲသုံးသုံး *အဟွတ်*ဆွဲဆောင်တာကတော့ ဖယ်ထားလိုက်၊ ဝမ်ဖုန်းကျင်ကတော့ သူ့ကိုဘာမှမပြောဘဲ ငြင်းဆန်နေတယ်။

သူ့ချစ်သူလေးရဲ့ 'သိချင်လွန်းလို့သေရပါတော့မယ်'ဆိုပြီး ပြောနေသယောင် မျက်လုံးတောက်တောက်လေးတွေကိုကြည့်ကာ ဝမ်ဖုန်းကျင်စိတ်အခြေအနေ ပြန်ကောင်းလာတယ်။ ထိုလူ့အပေါ် နက်နက်ရှိုင်းရှိုင်းရွံရှာမှု သူ့အချစ်လေးအပေါ် ​ရယ်မောစရာစနောက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ခဏကြာအထိ အသံတိတ်နေပြီးမှ သူပြောလိုက်တယ် "ရှောင်းမျယ် သူနဲ့ဝေးဝေးနေ၊ သူက မင်းထင်နေသလိုမျိုး သေချာပေါက် မရိုးရှင်းဘူး"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now