Chapter 4

512 83 6
                                    

Unicode

Chapter 4
ဤစကားများကို အလွန်တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ Ding Ji မျက်မှောင်မကြုတ်ဘဲမနေနိုင်။
"မင်း ဘာဖြစ်နေတာလဲ?"
>>>>>>>>>>><<<<<<<<<<<<<

ထိုနေ့တုန်းက Ding Ji ကသာ သူ့အမည်ကို မိတ်ဆတ်ခဲ့ရပြီး ထို လူ့ယဥ်ကျေးမှုနားမလည်သည့် လူက သူ့အမည်ကို တစ်ဖန် ပြန်မပြောခဲ့။ သို့သော် လောလောဆယ် သူ့တွင်မေးချင်စိတ်မရှိပါ။ ထို့ကြောင့် 'အမည်မဲ့' တစ်ယောက် သူ့အိတ်ထဲမှ ခေါင်းကိုက်ပျောက်ဆေးကိုထုတ်၍ ခံတွင်းထဲသို့ထည့်ကာ ခေါင်းကိုမော့ပြီး ရေတစ်ကျိုက်နှစ်ကျိုက် မော့သောက်နေသည်ကို ကြည့်နေလိုက်သည်။

"မင်းက အရမ်းဇီဇာမကြောင်ဘူးပဲ"
သူ အမည်မဲ့ ပြန်ပေးသော ဘူးကိုယူလိုက်သည်။

"အဲဒါ ရေဘူးတစ်ခုပဲလေ မဟုတ်လို့လား?" ဟုဆိုကာ အမည်မဲ့က ပါးစပ်ကိုသုတ်သည်။

"မဟုတ်ဘူး"
Ding Ji က ရေဘူးအဖုံးကို ဖွင့်ကာ ရေဘူးနှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့်သုတ်၏။
"ဒါက မူလလက်ဟောင်း နက်စလေကော်ဖီမိတ် ဘူး။ ငါ့ထက်တောင် အသက်ကြီးဦးမယ်"

အမည်မဲ့က စကားမဆိုလာ။

သူ ခေါင်းမော့၍ ကြည့်လိုက်လျှင် အမည်မဲ့၏ရုပ်မှာ အနည်းငယ်ပျက်ယွင်းနေလေသည်။

"ဘာဖြစ်လို့လဲ?" သူ မေးလိုက်၏။

"မင်းက အဲ့လောက် ဇီဇာကြောင်နေရင် ဘာလို့အခြားတစ်ယောက် ကို ရေပေးသောက်သေးလဲ?"
အမည်မဲ့ ​ပြောစရာစကားလုံးတို့ ပျောက်ရှရသည်။
"တကယ်လို့ အဲဒါကိုသုတ်မယ်ဆိုရင်လည်း... ငါ့ရှေ့မှာ မသုတ်နဲ့လေ"

"မင်း တကယ်ယူသောက်မယ်လို့ ငါ
တပ်အပ်မှမသိတာ"
Ding Ji က ပြန်ပြောပါ၏။

အမည်မဲ့က သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။

____________

"ငါ လက္ခဏာမဖတ်ဘူး"
Ding Ji သူ့လက်ကို ပုတ်ထုတ်သည်။ သို့သော် သူ့အကြည့်က လက်အပေါ်တွင် ဝဲနေဆဲ။

"ရေဘူး" အမည်မဲ့က ဆိုသည်။

Ding Ji မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ အဖုံးကို ရေဘူးတွင်ပြန်ရစ်လိုက်ပြီး သူ့လက်ထဲသို့ ကမ်းပေးလိုက်သည်။

Unbridled [Myanmar Translation]Where stories live. Discover now