Chapter 8

445 81 3
                                    

Unicode

Chapter 8

"""" သူ၏ လက်ဖွာမှု၊ မိုက်မဲသည့်ယုတ္တိဗေဒတို့မှာ Ding Ji ၏ရင်ကို ပြင်းစွာ
ထိမှန်စေပါဆဲ"''''''''

>>>>>><<<<<<>>>>>><<<<<<

Ding Ji ၏ မှန်းဆချက်က တိကျလွန်း၍ သူ့ရင် ခုန်သွားစေကာမူ Lin Wuyu က သူ့တောင်းဆိုမှုကို လက်မလျှော့သေး။
" မင်း တွက်ပဲ မကြည့်နိုင်လို့လား?"

"ငါဘယ်လို ခန့်မှန်းသလဲတောင် မင်းက မမေးတော့ဘူးလား?"
Ding Ji က Lin Wuyu ကို စိုက်ကြည့်သည်။ အချိန်အတန်ကြာသည်အထိ
Lin Wuyu က ဘာမျှမပြောသေး၍ သူ စုတ်သပ်လိုက်သည်။
"ကောင်းပြီလေ...ငါတွက်ကြည့်မယ်"
ထို့နောက် သူက ငွေသိမ်းကောင်တာသို့ သွား၍ စာရွက်နှင့်ဘောပင် တောင်းယူသည်။

"....မင်းရဲ့ တွက်ချက်မှုက "
Lin Wuyu သူ့ကို လိုက်ကြည့်နေသည်။
" ဖော်မြူလာတွေဘာတွေ ရေးပြီးလုပ်
ရမှာလား?" စာရွက်နဲ့ ဘောပင်ကို
သုံးပြီးတော့.. ?"

"ငါ့ကို မနှောက်ယှက်စမ်းပါနဲ့"
Ding Ji ကဆိုသည်။

" သြ "
Lin Wuyu က ထိုသို့တုန့်ပြန်ပြီးလျှင် ကွတ်ကီးလေးတစ်ချပ်ရွေး၍
ဖြည်းဖြည်းချင်းစားနေ၏။

_____________

Ding Ji က စာရွက်ပေါ်တွင်မျဥ်းကြောင်းများ စတင်ရေးဆွဲ၏။ ၄င်းကို တစ်ချက်ကြည့်လိုက်လျှင် ပါကွပုံများ ဆွဲနေကြောင်း တွေ့လိုက်ရသည်။ ဆွဲထားသည့် အသေးစိတ်
ပုံကိုမူ မည်ကဲ့သို့ဖတ်ရမည်မှန်း သူမသိ။ သို့သော် Ding Ji က လူတွေကို တကယ်ပဲလှည့်ဖြားနိုင်သည်ဟု ခံစားရသည်။

[ပါကွ= သဘာဝတရား၏ အခြေခံစည်းမျဥ်းများကို ဖော်ပြရန် တာအိုဘာသာဝင်တို့၏ စကြာဝဠာဗေဒတွင် သုံးသည့် ဂမ္ဘီရသင်္ကေတ။]

"တကယ်လို့ ငါ့အဖွားသာဆိုရင်တော့... သူမက ဒါကိုမျက်လုံးမှိတ်ပြီး တွက်ရုံပဲ...ငါ့ကိုကျ ဝါသနာရှင်အဆင့်လို့ သတ်မှတ်နိုင်တယ်...အဲဒီတော့ ချဆွဲစရာ စာရွက်လိုတယ်"
အတန်ကြာ ရေးဆွဲပြီးနောက် Ding Ji က ရပ်လိုက်ပြီး စာရွက်ကို တစ်ခဏစိုက်ကြည့်ကာ ခေါင်းမော့လာသည်။

Lin Wuyu ကွတ်ကီးကို ပါးစပ်ထဲထိုးထည့်လိုက်ပြီး အနည်းငယ် လက်ဦးမှုယူလိုက်၏။
" တွက်လို့ပြီးသွားပြီလား?"

Unbridled [Myanmar Translation]Where stories live. Discover now