Chapter 5

538 90 7
                                    

Unicode

Chapter 5

""" မငှားပါ၊ မခိုးရ၊ တွေ့လျှင် ပြန်ပေးရမည်"'''''

.................................................

Lin Wuyu ကြောင်သွားသည်။
" ​မေးပုံက မဆင်မခြင်နိုင်လိုက်တာ"

" မင်းပြောသလောက်တော့မဆိုးသေးပါဘူး" Ding Ji က ချေပသည်။

"ဒါဆို လက္ခဏာဖတ်တုန်းက မပြောပြ
ဘူးလား?" Lin Wuyu သူ၏လက်ဖဝါးကိုကြည့်နေလေ၏။

"မမြင်ခဲ့ဘူး။ ပြီးတော့ ငါအဲဒီဘက်ကနေ မစဥ်းစားခဲ့ဘူးလေ"
Ding Ji ခဏလောက်စဥ်းစားပြီးမှ ခပ်တိုးတိုးမေးသည်။

" သူတို့က သဘာဝအတိုင်းယူခဲ့တာမဟုတ်ဘူးလား?*"

[* ကိုယ်လက်နှီးနှော၍ ကလေးယူခဲ့ခြင်း မဟုတ်ဘဲ၊ ဖန်ပြွန်သန္ဓေသား၊ အငှားကိုယ်ဝန်စသည့်နည်းလမ်းများဖြင့် မွေးခဲ့ခြင်းလားဟု ဆိုလို]

"သဘာဝအတိုင်းပါဟ"
Lin Wuyu ပြောရသည်။

"အိုး" ဟု
Ding Ji တုန့်ပြန်သည်။

နှစ်ယောက်သား နောက်ထပ်တစ်စုံတရာမဆိုတော့ဘဲ ကလေးတွန်းလှည်းကိုသာ ပြိုင်တူကြည့်လိုက်ကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ရဲကားတစ်စီးမောင်းချလာသည်။
Ding Ji ကထခုန်၍ လက်ယမ်းပြ၏။

" ဒီမှာဗျို့... "

သူ၏ ကျောပိုးအိတ်ထဲမှ စာအုပ်တစ်အုပ်ထွက်ကျလာခဲ့သည်။

_____________

Lin Wuyu ဆိုပါလျှင် သူ၏ကျောပိုးအိတ်ထဲတွင် မေးခွန်းလွှာများ၊စာအုပ်များ စသည်တို့ကို မကြာမကြာထည့်လေ့ရှိသည်။ လက်ထဲတွင် ပစ္စည်းပစ္စယများကိုင်ရသည်ကို သူမကြိုက်။ သို့သော် Ding Ji မှာတော့ ကွဲပြားသည်။

မြေကြီးပေါ်က စာအုပ်ကို Lin Wuyu ကောက်ယူလိုက်၏။ စာအုပ်ကအတော်ဟောင်းနေလေပြီ။ စာရွက်များမှာ ဝါကျင်ကျင်မှသည် အညိုရောင်သမ်းစပြုပြီ။ သို့ရာတွင်
စာမျက်နှာများမှာ နှုတ်ခမ်းလိပ် တွန့်ကြေခြင်းမရှိ၊ ပြန့်ပြူးလှသည်ဖြစ်ရာ လုံးဝဂရုတစိုက်ထိန်းသိမ်းထားခြင်းဖြစ်ရမည်။ စာအုပ်အဖုံးပေါ်တွင် လက်တစ်ဖက်ပုံရှိပြီး လက္ခဏာအရေးအကြောင်းများလည်းပါဝင်သည်။ အမည်ကို ဖတ်စရာမလိုဘဲ လက္ခဏဗေဒလမ်းညွှန် စာအုပ်ဟု သူသိလိုက်သည်။ ကျန်းဟူလူလိမ်တစ်ယောက်က ကိုးကားစရာများကို သွားလေရာသယ်လိမ့်မည်ဟု သူ ထင်မထားခဲ့ရိုးအမှန်။ မည်မျှစိတ်နှစ်ထားလိုက်ပါသနည်း။
"မင်းရဲ့ဟာ...." ဟုဆိုကာ Lin Wuyu က စာအုပ်ကို ကမ်းပေးချိန် Ding Jiမှာ ရဲအရာရှိနှင့်သွားတွေ့ဆုံနေပြီ ဖြစ်သည်။

Unbridled [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin