Chapter 23

254 39 7
                                    

Unicode

တင်းကျိ သည်းမခံနိုင်သည့်အဆုံး မတ်တပ်ထ၍ ဆဲရေးပါမှ
လင်းဝူယွီ အပြီးသတ် အရယ်ရပ်သွားသည်။

သူ့မှာမျက်လုံးများပင် သုတ်လိုက်ရ၏။

ရယ်လွန်း၍ မျက်ရည်များပါ ထွက်လာခဲ့သည်။

တင်းကျိ ၏ မကြာခင်ကပြောဆိုမှုများကြောင့် ဧည့်ခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ ထူးထူးခြားခြားတိတ်ဆိတ်နေသည်။ သူတို့အပြင်ထွက်သည့်အချိန်၌မူ အခြေအနေများ မည်သို့ဖြစ်လာမည်ကို မပြောတတ်ပါ။

ခုတင်ဘေးတွင်ခေတ္တထိုင်ရင်း သူ စောစောကပြောခဲ့သည့် စကားများကို တဖန်ပြန်ဖော်ကြည့်ပြီးနောက် တင်းကျိ ရုတ်ခြည်းကသိကအောက်ဖြစ်လာသည်။

လင်းဝူယွီတစ်​ယောက် ဒရုန်းကို ထုပ်၍ပြီးသည့်နောက် အတန်ကြာတွေဝေနေပြီးမှ ထလာကာ ဗီရိုကိုဖွင့်၍ လယ်သာအင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်သည်။

"ကျေးဇူးတယ်ပါတယ်"
လင်းဝူယွီ ဆိုလာသည်။

"ငါ့-င်ကြီး ကျေးဇူးတင်"
တင်းကျိက တုန့်ပြန်သည်။

ထိုကဲ့သို့သောစကားလုံးများ လင်းဝူယွီ သူတို့အား ပြောနိုင်မည်မဟုတ်ပါ။ စကားအခွန်းပိုများ ပြောရန် သူပျင်းလှသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက သူ များစွာပြောခဲ့ပြီးပြီ။ သဘောထားကွဲလွဲမှုများ ဖြစ်တိုင်းဖြစ်တိုင်း သူတို့နှင့် အမြဲလိုလို တကျက်ကျက်ဖြစ်ရပြီး ၄င်းက သူ့ကို ပင်ပန်းစေသည်။
သူ့အနေဖြင့် မိဘများနှင့် အချင်းချင်း စကားမပြောဘဲ မကြည့်ဘဲ
တိတ်တဆိတ် ထွက်သွားနိုင်ရန်သာမျှော်လင့်ခဲ့သည်။

သို့ရာတွင် ယနေ့တွင် တင်းကျိက ပစ်ဖောက်လိုက်သည့် မီးပန်းပမာ လွန်စွာ တက်ကြွနေခဲ့သည်။

သူ့အနေဖြင့် ထိုကဲ့သို့သော အကြောင်းအရာများကို ပြောလည်းမပြောလို၊ ပြောရန်လည်း မလိုအပ်ဟု ထင်မြင်မိသည်။ ထုတ်ပြောဖို့ရာလည်း ဘယ်လိုကြီးမှန်းမသိ ပျက်ရယ်ကောင်းသည်ဟု ခံစားရ၏။

သို့သော် ၄င်းတို့ တင်းကျိ၏ နှုတ်ဖျားမှ တတွတ်တွတ် ထွက်လာချိန် သူ ချက်ချင်းကျေနပ်သွားမိသည်။

Unbridled [Myanmar Translation]Where stories live. Discover now