Chapter 2

1.1K 113 5
                                    

Unicode

Chapter 2

"မင်းက ဘာကြည့်နေတာလဲ?"ဟု
မေးဆတ်၍ ပြလေ၏။

>>>>>>>><<<<<<<<

Lin Wuyu ထိုညက အိမ်တွင်အချိန်မဖြုန်းတော့။ ခေါက်ဆွဲနှပ်စားပြီးသည်နှင့် သူ့မိခင်၏ ခန်းလုံးပြည့် ပေါက်ပေါက်ဖောက် သံများကို ကြိတ်မှိတ်ကာ ထွက်လာခဲ့တော့သည်။

သူ စိတ်သက်သာရာ ရခဲ့သည့်တစ်ခုတည်းသောကိစ္စမှာ ယခုနေ့အတွင်း "မင်း အစ်ကိုက ဘလာ..ဘလာ..ဘလာ..ဘလာ.." ဆိုသည့်စကား တစ်ကြိမ်ပဲကြားခဲ့ခြင်းကိုပင်။

သိတတ်သည့် အရွယ်ရောက်ပြီဆိုသည်နှင့် မိသားစုအတွင်းမှ မည်သူမဆို 'သင်တို့၏ အစ်ကို' နှင့် နှိုင်းယှဥ်ခံရနိုင်သည်။ သင်၏ အစ်ကိုက လတ်တလော အိမ်တွင်မရှိတော့လျှင်ပင် သိုင်းလောကထိပ်ခေါင်တင်ပမာ သူ၏ဒဏ္ဍာရီဟာ ကျန်ရှိနေဦးမှာဖြစ်သည်။

ထူး..မခြားသော ယခုည...
ကောင်းကင်ကကြည်လင်ပြီး ကြယ်စင်တို့တောက်ပ၍ လင်းလက်နေသောည...
စာသင်နှစ်၏
ကြမ်းပိုးသုံးကောင် စာအုပ်ပုံတွင် နာကျင်စွာခေါင်းစိုက်နေသောည...
Lin Wuyu ကတော့ လမ်းဘေးသီဆိုဖျော်မှု တစ်ခုတွင် သီချင်းတစ်ပုဒ်ပင် တောင်းဆိုလို့ ပါးကိုင်..နာရီတစ်ဝက် နားဆင်..နာရီတစ်ဝက်နှင့်...။ ထို့နောက် သူအမြဲသွားလေ့ရှိသော ဘာဘီကျူးဆိုင်သို့ သွားလိုက်သည်။

"ထုံးစံအတိုင်း ပဲလား"

အသားတုတ်ထိုးများ၏နောက်တွင်ရပ်နေသည့် သူဌေးကမေးသည်။

"ဟုတ်တယ်"

Lin Wuyu ကခေါင်းငြိမ့်ပြ၏။ ထုံးစံအတိုင်းဆိုသည်မှာ ပွဲတစ်ပွဲလျှင် တုတ်ထိုး အမျိုးအစားစုံ တစ်မျိုးကျပါဝင်သော ပွဲနှစ်ပွဲကို မှာခြင်းဖြစ်သည်။ တစ်ပွဲက သူ၏အဆောင်အတွက်ဖြစ်ပြီး နောက်တစ်ပွဲက အိမ်နီးချင်းအဆောင်အတွက်ဖြစ်သည်။ သူ့အပြုအမူမှာ နောက်ကွယ်တွင်ရှိသည့် လျှို့ဝှက်ရည်ရွယ်ချက်တစ်စုံတရာကို ကြိုးစားဖုန်းကွယ်ဟန်ပေါက်သော်လည်း သူ ဘာဘီးကျူးကြိုက်သည်မှာ အမှန်ဖြစ်သည်။ အိမ်နီးချင်း အဆောင်ကို ထည့်မတွက်လျှင်ပင် သူက ဤနှစ်ပွဲအနက် တစ်ပွဲကို ညတွင် အရသာခံစားပြီး နောက်တစ်ပွဲကို မနက်တွင် မက်မက်မောမောမောစားဦးမှာမလွဲ။

Unbridled [Myanmar Translation]Where stories live. Discover now