Chapter 20

532 80 6
                                    

Unicode

Chapter 20

| "ငါသေသွားရင် မင်း ဘယ်သူ့ကိုငွေသွားချေးမလဲ?" ထိုလူက သူတို့၏လက်လေးဘက်ကို လှုပ်ယမ်းလေသည်။ |

____________________________

"သူက မင်းကို တကယ်ရောငွေချေးပေးနိုင်လို့လား?"
Liu Jinpeng က Ding Ji ဘေးမှတကောက်ကောက်လိုက်၍ တစ်လမ်းလုံးပေါက်ပေါက်ဖောက်​နေသည်။
"သူ့လို အထက်တန်းကျောင်းသားတစ်ယောက်က ငွေတစ်သိန်းကို ဘယ်ကရမှာလဲ? ရာဇာဝတ်မှုများလုပ်ခဲ့တာလား..မင်းကို တစ်ယောက်​ယောက်ဆီ ရောင်းပစ်မလို့လား.."

"သူ့မှာ တစ်သိန်းရှိတယ်ဆိုမှတော့ တစ်သိန်းရှိတယ်ပေါ့။ သူ့မှာ ငွေဘယ်လောက်ရှိတယ် ဘယ်သူကသိမှာလဲ? နောက်ပြီး သူဘယ်ကနေ တစ်သိန်းရလဲ ဘယ်သူက ဂရုစိုက်မှာလဲ..ငါက သူ့ဆီကနေ တစ်သိန်းလုံးချေးဖို့ကြိုးစားနေတာကျလို့။ "
Ding Ji ကဆိုသည်။
"ပွစိပွစိမလုပ်စမ်းပါနဲ့။ မင်းချေးခဲ့တဲ့လူတွေ..ဘယ်တစ်ယောက်က Lin Wuyu ထက်ပိုမဆိုးလို့လဲ.. ဟုတ်တယ်မလား။ မင်း ဘယ်ကနေ သတ္တိတွေရလာတာတုန်း မေးရဦးမယ်"

"ငါက ဘယ်သူ့အတွက်လုပ်ခဲ့တာလဲပြောဦး"
Liu Jinpeng မ​ကျေမနပ်ဖြစ်သွားသည်။

"ငါ့အတွက်လုပ်ခဲ့တာကြောင့်သာမဟုတ်ရင် မင်းကို ရိုက်ပြီးတာကြာပေါ့"
Ding Ji သူ့ကို စိန်းစိန်းကြည့်သည်။

အချိန်အတန်ကြာ ထိုသို့​ကြည့်ပြီးနောက် သူက လက်မြှောက်ကာ Liu Jinpeng ၏ပုခုံးကို ဖက်လေသည်။
"ကျေးဇူး Pengpeng.. ငါဆိုလိုတာက"

"ကိစ္စမရှိဘူး"
Liu Jinpeng ခေါင်းကိုခါသည်။
"ဖာ့ခ်ပဲကွာ..အဲဒီမယုံရတဲ့ Da Dong ။
ဒီကိစ္စကို မင်းသိအောင် သက်သက် အတို့အထောင်လုပ်တာ။ တစ်နေ့နေ့မှ သူ့ကိုသတ်ပစ်ရမယ်"

"မင်းသူ့ငွေကို ပြန်မပေးတော့ သူ ငါ့ကို ရှာဖို့ပဲတတ်နိုင်တော့တာပေါ့။ နောင်ကျရင် ငါ့နောက်ကွယ်မှာ ဒါမျိုးတွေမလုပ်နဲ့"
Ding Ji ပြောလိုက်သည်။
"တစ်ခုခုဖြစ်လာရင်..ငါတို့ အချိန်မရွေး ဆွေးနွေး အဖြေရှာလို့ရတာပဲ"

Liu Jinpeng နှာမှုတ်သံလုပ်၏။ အတော် ဒေါပွနေ​ဆဲ..

_______

Unbridled [Myanmar Translation]Where stories live. Discover now