Chapter 15

480 82 7
                                    

Unicode

"'''""ငါ့အကြောင်း လိုက်မေးနေတာလား ဟမ်? ပညာနတ်ဘုရား""""

>>>>>>>>><<<<<<<<<<

Ding Ji တစ်ယောက် သူ ကိစ္စကြီးတစ်ခုလုပ်ရန် ကြံစည်နေသည်ဟု ထုတ်ပြောပြီးချိန်မှစ၍ နောက်ထပ် မည်သည့်မုမန့်ကိုမျှ မမျှဝေတော့​ချေ။

တစ်နေ့တစ်နေ့ သူ့မုမန့်မှအကြောင်းအရာ ဆယ်ခုလောက်
အောက်ထစ်မျှဝေသည့် ကိုလေအိုးကို ထိုသို့ဖြစ်စေသည်မှာ တစ်ခုခုပင်။

Lin Wuyu ၏ ခွဲခြမ်းစိတ်ဖြာမှုကိုအခြေခံ၍ပြောရလျှင် အနှီကိစ္စကြီးမှာ ဖရဲသီးရောင်းသည့်ကိစ္စတော့ လုံးဝမဖြစ်နိုင်ချေ။

ဤသည်ကိုတွေးမိခိုက် Lin Wuyu ကိုယ့်ကိုယ်ကိုယ် အလွန်သဘောအခွေ့ကာ မအောင့်နိုင်ဘဲ ရယ်သံထွက်သွားသည်။

"မင်း အဆင်ပြေပါတယ်နော်"

"အေး.."
Lin Wuyu ချောင်းဟန့်သည်။

Lao Lin က ပိုဒီယမ်မှသည် သူ့ဘက်တစ်ချက်ဝေ့ကြည့်ပြီး ဆက်ပြောသည်။
"ဒုတိယအစမ်းစာမေးပွဲကို မင်းတို့ဖြတ်ကျော်ပြီးပြီပဲ.. တတိယအစမ်းစာမေးပွဲကိ မဖြတ်ကျော်
နိုင်စရာ ဘာမှမရှိဘူး။ မင်းတို့ရဲ့ ပုံမှန် အားစိုက်မှုကိုဆက်ထိန်းထား.....အချိန်ပေး"

"ဇီရာနဲ့ ငရုပ်သီးမှုန့်လေး နည်းနည်းထပ်ဖြူး...."
Lin Wuyu က တီးတိုးဟာသလုပ်သည်။

"အခုတလော တော်တော်လေးမြူးနေတာပဲ"
Chen Mang က သူ့ကိုကြည့်လာ၏။

"ခါတိုင်းလည်း မှိုင်တွေမနေပါဘူး"
Lin Wuyu ပြုံးသည်။

"ခါတိုင်းနဲ့ကို မတူလို့​"
Chen Mang က သူ့ကို ခေတ္တစိုက်ကြည့်၍ သက်ပြင်းချသည်။
"မင်းရဲ့ အခုလိုပုံကို ငါ တကယ်မနာလိုဖြစ်တယ်။ ဉာဏ်ကောင်းတဲ့လူတွေကပဲ အခြားသူတွေထက် စိတ်ခံစားချက်အခြေအနေကို ထိန်းနိုင်စွမ်း ပိုကောင်းနေသလား?"

"မပြောတတ်ဘူး..ဘာပဲဖြစ်ဖြစ်
ဒီစွမ်းရည်ကို ငါလေ့ကျင့်တဲ့နည်းကတော့...."
Lin Wuyu သူ့ပုခုံးကို ပုတ်သည်။
"ဘယ်သူမှ စမ်းကြည့်ချင်မှာမဟုတ်ဘူး"

________

တတိယအကြိမ်အစမ်းပြီးလျှင် အရေးပါသည့်စာမေးပွဲ တစ်ခုမျှမရှိတော့ချေ။
ဤသည်မှာ အခြေခံကျကျပြောရလျှင် သူတို့၏ လေ့လာမှုရလဒ်များအပေါ်
နောက်ဆုံးစစ်ဆေးသည့်
စစ်ဆေးရေးဂိတ်ဖြစ်ပြီးအခက်ခဲဆုံတစ်ခုမဟုတ်
၊ သို့သော် အလွန် အရေးပါသည်။

Unbridled [Myanmar Translation]Where stories live. Discover now