Chapter 12

435 76 10
                                    

Unicode

"""" ဟေး... မင်းဘာလုပ်နေတာလဲ"'''''

>>>>>>>>>>><<<<<<<<<<<<

"...ဒါ တော်တော်ချိုတယ်"
Ding Jiကဆိုသည်။

"ငါ ထွက်လာတုန်းကရေခဲမုန့်စားလာလို့"
Lin Wuyu ပြောသည်။
" အခု နည်းနည်း ဗိုက်ပြည့်နေပြီ"

"မင်းရဲ့ အဲဒီစားချင်စိတ်မျိုး
နဲ့ ..ရေခဲမုန့်တစ်ခွက်က ဗိုက်ပြည့်အောင်လုပ်နိုင်မှာလား?"
Ding Ji က မတ်တပ်ရပ်ပြီး အိမ်နီးချင်း စတိုးဆိုင်လေးတွင် လက်ဆေးကာ မုပတ်ဒ်ကို ဘီးလှိမ့်လာသည်။

" သုံးခွက်လေ"
Lin Wuyu ဗိုက်ကိုပွတ်လိုက်သည်။
"ငါ တကယ်ပြည့်တတ်တတ်ဖြစ်နေတာ။ ရေခဲမုန့်က ထမင်းထက်တောင် နေရာယူသေးတယ်"

"မင်းက ရေယိုပေါက်ဆီ ဦးတည်နေတာပဲ*"
Liu Jinpeng မပြောဘဲ မနေနိုင်။

[ * ရေပိုက်ခေါင်းဝမှ တစ်စက်တစ်စက်ကျသည့်ရေကြောင့် သိုလှောင်ကန်အတွင်းရှိရေအားလုံးကုန်သွားနိုင်သကဲ့သို့ မိမိ၏အကျိုးစီးပွားကိုယုတ်လျော့သွားစေမည့်
ရေယိုပေါက်နှင့်တူသော ဆုံးရှုံးမှု၏လက်သည်ထံ တည့်တည့်သွားသည်။]

" နည်းနည်းလောက်ပိုပြီး သဘောထားကြီးလိုက်ပါဗျာ"
Ding Ji က ဘီးပေါ်တက်ပြီး Lin Wuyu ဘက် ခေါင်းငဲ့လိုက်သည်။
" တက်"

Lin Wuyu က သူ့လက်ထဲကအိတ်ကြီးကို ခြေနင်းပေါ်တင်လိုက်သည်။

"တစ်ခုခု ဝယ်လာတာလား?"
Ding Ji မေးကြည့်သည်။

"အင်း..နို့မှုန့်"
Lin Wuyu ဖြေ၏။
"ပြီးရင် ငါ့ဆီ ယွမ်နှစ်ရာလွှဲလိုက်ပေါ့။ ငါတို့ အတူတူဝယ်တာလို့ သတ်မှတ်လို့ရသွားရော"

"ကောင်းပြီ"
Ding Ji ခေါင်းငြိမ့်၏။

Lin Wuyu ဘီးပေါ်သို့တက်သောအခါ Ding Jiက သူ့အင်္ကျီအနားစများကို ခါးစည်းထဲသို့ ထိုးထည့်သည်။

__________

"ဒီလို ဖက်ရှင်မျိုးက ဘယ်တောမှာခေတ်စားနေတဲ့ဟာလဲ?"
Liu Jinpeng က အကဲဖြတ်ဝေဖန်သည့် မျက်လုံးနှင့်ကြည့်သည်။

"ပါးစပ်ပိတ်ထား"
Ding Ji က မုပတ်ဒ်ကို စက်နှိုး၍ Liu Jinpeng၏ တုန့်ပြန်မှုကိုပင် မစောင့်တော့ဘဲ သစ်သီးတန်းလမ်းဆီ မောင်းထွက်သည်။

Unbridled [Myanmar Translation]Where stories live. Discover now