Chapter 19

513 76 6
                                    

Unicode

TN/ ပြင်ဖို့တစ်ခုရှိတာ ပြောချင်လို့ပါ။ အရှေ့မှာ Ding Ji
နဲ့ Liu Jinpeng ရဲ့ အပြန်အလှန်ပြောစကားတွေကို 'ခင်ဗျားနဲ့ကျွန်တော်'လို့ သုံးထားခဲ့ပါတယ်။ Liu Jinpeng က Ding Ji အရင်ကျောင်းထွက်ခဲ့တယ်ဆိုတော့ နည်းနည်းကြီးမယ်ထင်လို့ပါ။ ဒါပေမဲ့
Ding Ji ကို Liu Jinpeng က 'မင်းနဲ့ရွယ်တူပဲထင်တယ်'လို့ ပြောခဲ့တဲ့ Lin Wuyu ရဲ့ ဒိုင်ယာလော့ဂ်ကြောင့်ရော၊ Ding Ji နဲ့ Liu Jinpeng က
သိပ်ခင်တဲ့သူငယ်ချင်းတွေဖြစ်တာရောကြောင့် 'မင်းနဲ့ ငါ' လို့ သုံးရင်ပိုသင့်တော်မလား စဥ်းစားမိလို့။ ရှေ့ရှေ့ကအပိုင်းတွေမှာ ပြန် edit ဖို့လုပ်ပေမဲ့ ဓာတ်ပုံတွေပါနေတာရယ်၊ ယူနီကုတ် ဇော်ဂျီကွဲနေတာရယ်ကြောင့် အဆင်မပြေလို့ သွားမပြင်တော့ဘူးနော်..ကျေးဇူးပြုပြီး ကိုယ်ဘာသာပြင်ဖတ်ပေးကြပါ။ sorry ပါ။

___________________________

""""အနည်းဆုံးတော့ Lin Wuyu က အမျိုးသားတွေကြိုက်ပေမည့် သူက ယောက်ျားစစ်စစ်ဖြစ်သည်မဟုတ်လား"""''

>>>>>>>>>>><<<<<<<<<<<

Lin Wuyu သူ့အဆောင်သို့ပြန်ရောက်ချိန် အခန်းထဲတွင်မည်သူမျှမရှိ။ ယခုအချိန်ဆို သူတို့အားလုံး စားဆောင် သို့မဟုတ် စာသင်ခန်းတွေထဲတွင် ရှိနေလိမ့်မည်။

သူ မျက်နှာပေါ်က ပိတ်ကျဲကို ဆွဲခွာပြီး မှန်ထဲတွင်ကြည့်လိုက်သည်။ ဒဏ်ရာက အနာဖေးတက်နေပြီဖြစ်ကာ ကြည့်ရသည်မှာ အဆင်ပြေသည်။ သိပ်ကြောက်စရာမကောင်း။

သူ့ဖုန်းက အသံမြည်လာသည်။

Ding Ji ဆီက ပို့လာသည့် မက်ဆေ့ချ်တစ်စောင်ဖြစ်သည်။

__ မင်းရဲ့ဒဏ်ရာကို ဆေးရုံ ဒါမှမဟုတ် ဆေးခန်းမှာ ထပ်သွားပြသင့်တယ်နော်။ မျက်နှာသစ်တဲ့အခါ ရေမစိုစေနဲ့။

__ ဒါဆို ငါက သစ်ရင် တပတ်အခြောက်နဲ့သစ်ရမှာလား?

__ ဒီ အိုင်ကျူနဲ့ ပညာနတ်ဘုရားတစ်ယောက်လို့ မင်းက အခေါ်ခံနေတုန်းလား?

ရယ်မော၍ Lin Wuyu ရေချိုးခန်းဝင်ခဲ့သည်။ သူ ရေချိုးဖို့လို၏။

သို့သော် သူ၏ ပညာနတ်ဘုရားဟူသော ဘွဲ့နှင့် ထိုက်တန်မှုရှိစေရန် ဘုံပိုင် ပိုက်ခေါင်းကို ပထမဆုံးဖွင့်လိုက်ပြီး ​ပလုတ်ကျင်းလိုက်သည်။ ထို့နောက် တပတ်တစ်ခုယူကာ ရေမှာနှစ်၍ ပြတ်ရှရာတစ်ဝိုက် အနှံ့တို့လိုက်သည်။ ထို့နောက် တစ်ဝက်သုတ်၊ တစ်ဝက်သစ်ဖြင့် မျက်နှာသစ်လိုက်၏။

Unbridled [Myanmar Translation]Where stories live. Discover now