Chapter 18

534 76 20
                                    

Unicode

"""""မင်း...Lin Wuyu မင်း ငါ့ကိုစော်ကားနေတာပဲ"'''''''''''

>>>>>>>>>><<<<<<<<<<<

သူတို့ ဆေးရုံအပေါက်ဝမှ ထွက်လာချိန် Ding Ji ပတ်ပတ်လည်ကို မျက်စိရှင်ရှင် ကြည့်လိုက်ပြီး နောက် လမ်း၏တစ်ဖက်ခြမ်းရှိ ကဖေးဆိုင်ကလေးသို့သာ ခေါ်ခဲ့တော့သည်။

"ခုတလော အိပ်ရေးပျက်တာများလို့လား?"
Lin Wuyu ကကောင်တာ၏ ဘေးက ခြင်နိုင်မီးအိမ်ကို သူတို့ဝိုင်းသို့ သယ်လာရင်း မေးလေသည်။
"ငါ့စိတ်ထင် ချောင်သွားသလိုပဲ"

"တကယ်လား?"
Ding Ji မျက်နှာကိုကိုင်၍ သက်ပြင်းချသည်။
"ငါ့အမေတောင် သတိမထားမိဘူး"

"ငါက မင်းအမေမှ မဟုတ်တာ"
Lin Wuyu ကဆိုသည်။

"မင်းက ဖြစ်ချင်လို့လား"
Ding Ji ပြောလိုက်သည်။

"ဟင့်အင်း..မဖြစ်ချင်ပါဘူး"
Lin Wuyu စားပွဲထိုးလှမ်းပေးသည့် မီနူးစာအုပ်ကို ယူလိုက်သည်။ သို့သော် သူမှ မဖွင့်ရသေးခင် Ding Ji ကဆွဲယူသွားသည်။

"ငါ ကျွေးပါမယ်ပြောရဲ့သားနဲ့ မင်းက ဘာဖြစ်လို့စိတ်အားထက်သန်နေရတာလဲ?"
Ding Ji ​ပြောလာ၏။
"ဘာစားမလဲ ဘာသောက်မလဲ?"

Lin Wuyu က တစ်စုံတရာမပြောဘဲ Ding Ji ကိုကြည့်သာနေသည်။

"ငါနဲ့ ရန်ဖြစ်စရာမလိုဘူးနော်။ မင်းက ငါ့ကို ဘာဘီကျူးနဲ့ဘီယာ ဒကာခံတယ်။ ငါက မင်းကို ညလွဲသရေစာ ကျွေးတယ်။ ဒါက လုံးဝကိုမထူးဆန်းဘူး"
Ding Ji ထပ်ပြောသည်။

"ငါ မင်းနဲ့ ရန်မဖြစ်ပါဘူး။ မင်းက ငါ့ကို မီနူးမပေးဘဲနဲ့ ငါက ဘယ်ဟာစားသင့်တယ်၊ ဘယ်ဟာသောက်သင့်တယ် ဘယ်လိုလုပ်သိမှာလဲ?"
Lin Wuyu အရေးဆို၏။

"အိုး"
Ding Ji မီနူးကို သူ့ရှေ့သို့ပြန်ချပေးလိုက်သည်။

________

အထူးသ​ဖြင့် ကဖေးသည် သေးသေးကွေးကွေးလေးဖြစ်ရုံသာမက..အတွင်းပိုင်းအဆင်တန်ဆာများမှာလည်း သူတို့အရွယ်လူငယ်ဆန်သည်။ စာသုံးသူလည်း များများစားစားမရှိချေ။
Lin Wuyu မီနူးကိုကြည့်လိုက်ပြီး ကိတ်ပိုင်းနှစ်ခု၊ ပေါင်မုန့်ခပ်သေးသေးတစ်လုံး နှင့် ကော်ဖီတစ်ခွက်
အလျဥ်းသင့်သလို
မှာလိုက်သည်။

Unbridled [Myanmar Translation]Where stories live. Discover now