Chapter 24

468 41 5
                                    

Unicode

TN ဒီကြားထဲ မျက်မှန်ပျောက်သွားလို့.. အခါရက် ဆိုင်တွေလည်းပိတ်တာနဲ့ ပြီးကာမှ ပြန်ပြရတယ်။ ကြာသွားပါတယ်နော်။
___________________________

လင်းဝူယွီအနေဖြင့် သူတစ်ပါးအိမ်တွင် ထမင်းမသုံးဆောင်ဖူးသည်သာမက လူကြီးရောလူငယ်ပါ,ပါသည့် မိသားစုထမင်းဝိုင်းမျိုးကိုလည်း မည်သည့်မိသားစုနှင့်မျှ မဖြတ်သန်းဖူးချေ။

အသက်အရွယ်သာ ဤရွေ့ဤမျှ ရှိနေပြီဖြစ်သော်ငြား ရွှီထျန်းပေါ်၏ မိသားစုထံပင် သွားချင်စိတ်မရှိခဲ့သလို.. လောင်လင်း၏ အိမ်မှလွဲကာ မည်သည့်အတန်းဖော်၏ အိမ်သို့မျှလည်း သွားရောက် မစားသောက်ဖူးပါ။

လောင်လင်း၏အိမ်သို့ ညစာ သွားစားခဲ့စဥ်ကလည်း အိမ်တွင်လောင်လင်းတစ်ယောက်ထဲရှိချိန် မိမိက အတန်းဖော်များနှင့်အတူတကွ သွားခဲ့ခြင်းဖြစ်သည်။

ယနေ့မူ သူ အနည်းငယ်အထီးကျန်နေပါ၏။

သို့ဖြစ်၍ တင်းကျိအဘွား၏အိမ်တွင် ညစာစားရန် သဘောတူခဲ့ခြင်းဖြစ်သည်။

စာဖြေခန်းကထွက်ခဲ့စဥ်ကတည်းက သူစတင်၍ အထီးကျန်သလိုခံစားနေရခြင်းဖြစ်သည်။

သူ့ဝန်းကျင်က ကျောင်းသားများအနေဖြင့် သူတို့ စာ​ဖြေနိုင်သည်ဖြစ်စေ မဖြေနိုင်သည်ဖြစ်စေ၊ ကျောင်းသို့ပဲဦးစွာသွားသွား အိမ်သို့ပဲတန်း၍သွားသွား.. နောက်ဆုံးတွင် အိမ်မှာစုံ၍ ညစာစားကြမှာဖြစ်သည်။

ထိုအချိန် အဆောင်၌ မည်သူမျှ ကျန်မည်မဟုတ်။

ထိုသို့ ဗလာကျင်းနေမည့်ခံစားချက်က စနေ၊ တနင်္ဂနွေများတွင် လူမရှိ၍ ခံစားရသည့် ခံစားချက်နှင့်လည်း လုံးလုံးကြီးမတူပါ။

သူ၏ အထက်တန်းကျောင်းသားဘဝတစ်ခုလုံး ရုတ်တရက်ချက်ချင်း လွင့်ပါးပျောက်ကွယ်သွားသည်နှင့် အလားတူသွားမည်။

အလွန်အမင်း အထီးကျန်ရ၏။

အကယ်၍များ တင်းကျိက သူ့ကို ဖိတ်မန္တက မပြုခဲ့ဘူးဆိုလျှင်လည်း အိမ်သို့ပြန်၍ ပစ္စည်းယူပြီးသည့်နောက် အဆောင်သို့ပြန်ဖြစ်မည်မဟုတ်ပါဘဲ ခံစားချက်များကို ပြန်လည်တည့်မတ်ရန် ဟိုတယ်တစ်ခုသို့သာ တစ်ညတာသွား၍ နေဖြစ်လိမ့်မည်။

You've reached the end of published parts.

⏰ Last updated: Apr 28, 2023 ⏰

Add this story to your Library to get notified about new parts!

Unbridled [Myanmar Translation]Where stories live. Discover now