Chapter 21

818 81 10
                                    

Unicode

Chapter 21

ကြိုးစားထား..

____________________

"မြန်မြန်ထ ပြီးရင်ငွေတွေပြန်ပေးလိုက်"
Ding Ji က Liu Jinpeng ကို လမ်းဘေးမှာဆွဲထူသည်။
"ပြီး သပ်သပ်ရပ်ရပ်လုပ်။ နောက်ပိုင်းမှာ ငါတို့အတွက် အနှောင့်အယှက်ဖြစ်လာနိုင်တဲ့ ဘာလိုဟာမျိုးမှ တန်းလန်းမချန်ထားခဲ့နဲ့"

"အင်း..ငါအထာနပ်ပြီသားပါ"
Liu Jinpeng က ခေါင်းငြိမ့်သည်။
"ဒီလိုဆိုတော့လည်း...သူက တကယ်မဆိုးပါလား ဟမ်? မင်းကို ကြွေးမြီဝန်ခံချက်တစ်ခုတောင် မရေးခိုင်းဘူးပဲ။ နောက်ပြီး အခြေအနေတစ်ခုခု သတ်မှတ်ပေးလိုက်သေးလား?"

"ဟင့်အင်း"
Ding Ji နောက်ပြန်လှည့်ကာ စားပွဲတွင်ထိုင်၍ ကြက်ဥဟူးချယ်စားနေဆဲဖြစ်သည့် Lin Wuyu ကို ကြည့်သည်။

"တကယ်လို့ မင်းကပြန်မပေးနိုင်ရင်ရော?"
Liu Jinpeng က ဆိုသည်။
"သူ့မှာ သက်သေဘာတစ်ခုမှလည်းမရှိဘဲနဲ့"

"ငါက အဲ့လိုလူမျိုးလား?"
Ding Ji စုတ်သပ်သည်။

"ဒီကိစ္စတစ်ခုလုံး ယာယီပြေလည်သွားပြီလို့ သဘောထားလို့ရတယ်။ မင်းအေးအေးဆေးဆေး စာလုပ်တော့"
Liu Jinpeng က ဆိုပါ၏။
"ငါ Lao Liu ကို အနီးကပ်စောင့်ကြည့်နေမယ်။ မင်းတို့နှစ်ယောက် ညစာစားကြဦးမှာလား?"

"အင်း"
Ding Ji ခေါင်းငြိမ့်သည်။
"ငါတို့ဆီကိုလာခဲ့လေ အဲဒီအချိန်လောက်"

"ဟေ့အေး ကျေးဇူးပဲ"
Liu Jinpeng ပြောသည်။
"ငါ သူနဲ့ ညစာအတူစားရမှာ ဘဝင်မကျဘူး။ ကသိကအောက်တွေဖြစ်ကုန်မယ်"

"ဘဝင်မကျစရာ ဘာရှိလို့လဲ?"
Ding Ji သူ့ကိုကြည့်သည်။

"ဒီအတိုင်း ငါတို့က တူညီ​တဲ့လောက ကမဟုတ်လို့။ သူက တစ်ချက်ကြည့်ရုံနဲ့ အရမ်းတွေတော်ပြီး တိုးတက်ယဥ်ကျေးတယ်ဆိုတာ ပြောနိုင်တယ်"
Liu Jinpeng က အကြိမ်အနည်းငယ် စုတ်သပ်၏။
"နောက်ပြီးတော့..သူ လူကိုကြည့်ရင် ငါဘယ်လိုခံစားရလဲ သိလား?"

"ဟမ်?"
Ding Ji ရယ်သည်။

"ငါ့လို အဆင့်အတန်းနဲ့လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံနဲ့ သူက အူမချေးခါးမကျန် သိမှာ။"
Liu Jinpeng ကဆိုသည်။
"သူနဲ့ အတူရှိနေတဲ့အချိန်ဆို ငါ့ကိုယ်ငါလေးစားမှုကို ဆုံးရှူံးရသလိုခံစားရတယ်"

Unbridled [Myanmar Translation]Where stories live. Discover now