Chapter 10

407 69 4
                                    

Unicode

"လိင်စိတ်ကိုင်းညွတ်မှု" Lin Wuyu ပြောချလိုက်သည်။

>>>>>>>>>>><<<<<<<<<<<<<<<

ယခုလိုအချိန် သူ့အိမ်မှဆင်းခြင်းက Lin Wuyu အတွက် အတော်ရုတ်တရက်ဆန်သွား၍ဖြစ်မည်။

သည်အရာများကို လတ်တလော ဘယ်ဆီရွှေ့မည်နည်းဟု Ding Ji မေးသောအခါမှ လတ်စသတ်တော့ သူ့တွင် ရည်ရွယ်ထားသည့်
နေရာတစ်ခုမျှမရှိသေး။

စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးသည့်နောက် Lin Wuyu
သက်ပြင်းချကာ စားပွဲ၏အနားစွန်း
ကို မှီချလိုက်ပါသည်။
"ကိစ္စမရှိတော့ဘူး"

"ဘာ?"
Ding Ji၏ ခေါင်းက ငုံ့လျက်သား...ဘာအတွက်သုံးမှန်း မသိနိုင်သည့် အားသွင်းကိရိယာတစ်ခုကို ခရီးဆောင်အိတ်ထဲသို့ ထိုးထည့်နေလေသည်။

"ငါ ဒီပစ္စည်းတွေ ဆက်ပြီးမယူတော့ဘူး" Lin Wuyu ကပြောလာသည်။

ငါ့ကို လာနောက်နေတာလား?
Ding Ji သူ့ကို ကြည့်ရန်ခေါင်းထောင်လာပြီး ပြောချင်သည့်စကားကိုမူ မပြောလိုက်ချေ။

Lin Wuyu ၏အမူအရာမှာ အတော်လေး ငိုင်တွေနေ၏။ စိတ်ဆင်းရဲရာမှ ဖြစ်ပေါ်လာသည့် အမူအရာမျိုး။

Ding Ji ထပ်ပြီးမပြောတော့ပါ။ ခေါင်းကိုပြန်ငုံ့၍ ခရီးဆောင်အိတ်ထဲတွင်ထည့်ထားသည့် ပစ္စည်းများအားလုံးကို ထုတ်ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် သူတို့၏မူလနေရာသို့ ပြန်ထားလိုက်သည်။

သူ့ဘာသူ အလုပ်ရှုပ်နေစဥ်
နောက်ဆုံးတွင် Lin Wuyu စကားထပ်မံဆိုလာသည်။
" မင်းရဲ့ မှတ်ဉာဏ်က တကယ့်ကို အကောင်းစားပဲ...ငါတောင် ငါ့ပစ္စည်းတွေကို နေရာမှန်ပြန်မထားနိုင်ဘူးး"

"ငါ သေလောက်အောင် ပင်ပန်းနေတာနော်။ မင်း နှစ်ကြိမ်လောက်ချီးကျူးလိုက်တာနဲ့ ဒေါသပြေသွားမယ်လို့ ထင်မနေနဲ့"
Ding Ji ဆိုပါသည်။

" ဘယ်မှာနှစ်ကြိမ်ဟုတ်လို့လဲ...ငါ တစ်ကြိမ်ပဲချီးကျူးရပါသေးတယ်"
Lin Wuyu ရယ်နေသည်။
" ထပ်ဖြည့်ပြောဖို့ လိုသေးလား?"

"ရပြီ"
Ding Ji ဆိုလိုက်သည်။
"ငါက စိတ်ကောင်းရှိတယ်"

___________

Unbridled [Myanmar Translation]Where stories live. Discover now