Chapter 6

503 82 9
                                    

Unicode

Chapter 6

"""ကျန်းမာရေးအခြေအနေကောင်းမွန်သော လက်တစ်ဖက်၏ အရောင်မှာ တစ်ပြေးတည်းမဟုတ်။ လက်ခုပ်
တွင် အရောင်ပိုဖျော့ကာ လက်ဖမိုးအနီး၌ အရောင်ပိုရင့်သည်"""
>>>>>>>>>>>><<<<<<<<<<<<<<<<

Ding Ji နှုတ်ပိတ်သွားသည်။ သူ့ရင်က ခုန်နေ၏။ သူကား
သူစိမ်းများနှင့် အကြည့်ချင်းဆုံလေတိုင်း အမြဲလိုလို တစ်ဖက်သူတို့၏ 'ရင်ခုန်သံ ဗြောင်းဆန်' စေခဲ့သူ။ သို့သော်ငြား ယနေ့တွင်မူ မမျှော်လင့်ဘဲ သူစိမ်းတစ်ယောက်နှင့် အကြည့်ချင်းဆုံရာ၌  ....
တိတိကျကျ
ပြောရလျှင် Lin Wuyu မှာ သူစိမ်းတစ်ယောက်ပေ။

မှန်တယ်...

ဒါပေမဲ့ ဘယ်သိမှာလဲ?

ငါ့ကို ဒီလို မျက်နှာပျက်စေမယ်လို့။

_____________

"ပါရမီရှင်ဆိုတဲ့ စာလုံးပေါ်မှာ ဖျက်ရာတွေ တွေ့ပ"
Lin Wuyu ကပြောသည်။

"မဟုတ်တာ...ဒါ ငါငယ်ငယ်က ထင်တိုင်းကြဲ၊ နောက်ပြောင်နေကျ
တွေရဲ့ အမှတ်တရသက်သက်ပါပဲ"
Ding Ji သည် ထိုဟာကိုဝန်မခံ။

"သြော်...."
Lin Wuyu ရယ်မောပြီးနောက် မေးခွန်းထပ်မမေးခဲ့ပဲ ပြန်လှည့်ပြီး ဆက်လက်ကာ
ရှေ့မှ ဦးဆောင်လျှောက်သွားခဲ့သည်။

နှုတ်ခမ်းထောင့်စွန်းက ပြုံးပုံမှသည် Lin Wuyu တစ်ယောက် သူ့ငြင်းဆိုမှုကို လုံးဝအယုံအကြည်မရှိကြောင်း Ding Jiပြောနိုင်သည်။ ထို့ပြင် သူ့ငြင်းဆိုမှုက Lin Wuyu အား အဖြေကို
အတိုင်းအတာ
တစ်ခုအထိ အကြမ်းဖျင်းအတည်ပြုနိုင်စေခဲ့သည်။

"မင်း ဒီစာအုပ်ကို ဆယ်နှစ်ဝန်းကျင်လောက် ထိန်းသိမ်းထားခဲ့တာပေါ့ ဟုတ်လား? "
Lin Wuyu က လျှောက်ရင်းမေးသည်။

"အင်း.."
Ding Ji အတည်ပြုသည်။
"အဲဒါကို မိသားစုအမွေတစ်ခုလို ဖြစ်စေဖို့ရည်ရွယ်ထားတယ်"

"အဲဒါပျောက်သွားမှာကို မင်းက ဘာလို့တအားစိုးရိမ်နေတာလဲ?"
Lin Wuyu ကမေး၏။
"ဟိုအရင်ကတည်းက ဒီစာအုပ်ထဲကအကြောင်းအရာတွေကို နှံ့နှံ့စပ်စပ်ဖတ်ပြီးလောက်ပါပြီ...."

Unbridled [Myanmar Translation]Where stories live. Discover now