Chapter 17

505 92 13
                                    

Unicode

"""" "ငါ့ကို မခွဲနိုင်ဖြစ်နေတာလား?" ဟု Lin Wuyu ကမေးသည်။ """"

>>>>>>>>>><<<<<<<<<<<

Lao Liu က အခု ဇာတ်ကားတွေမှာ ဧည့်သရုပ်ဆောင်လုပ်နေတာလား?

Ding Ji ခဏတော့ ဟုတ်များဟုတ်နေမလား ထင်သွားသည်။
သို့သော် သူ့အဝတ်တွေကို အပြေးအလွှားလာဆွဲသည့် Lao Liu ၏ မျက်နှာပေးက ဤသည်မှာ သရုပ်ဆောင်နေခြင်းမဟုတ်ကြောင်း တန်းပြီးနားလည်သွားစေသည်။

Lao Liu တွင် ထိုမျှသရုပ်ဆောင်စွမ်းရည် ကောင်းကောင်းမရှိချေ။

မီနီပလာဇာမှ ဘယ်လောက်ကီလိုမီတာဝေးမှန်းမသိသည့် အကွာအဝေးအတွင်း၌ဖြစ်သော ရန်ပွဲများတွင် သူဘယ်တုန်းကမျှ ပါဝင်ဖူးခြင်းမရှိစေကာမူ သူ့အနေဖြင့် ဤနားတစ်ဝိုက်တွင် ငယ်စဥ်ကတည်းက အကျွမ်းတဝင်ရှိပြီးဖြစ်၍ ယခုလိုအနေအထားတွင် Lao Liu ၏ အသိအကျွမ်းဟူသော ဂုဏ်ပုဒ်ဖြင့် လက်ရှိနေရာ၌ ရပ်ကြည့်ရန် လုံးဝမဖြစ်မှန်း
Ding Ji တန်းသဘောပေါက်သည်။

မဟု​တ်ပါက သူရော Lin Wuyu ပါ ယခုည ကျိန်းသေအရိုက်ခံရလိမ့်မည်။ အရိုက်ခံရမည်​ဆိုသည်မှာ အနိမ့်ဆုံးခန့်မှန်းချက်သာ ရှိသေးသည်။

Lin Wuyu က စာလုပ်ရဦးမည်။ ဤသည်က
​ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီ နောက်ဆုံးခြေလှမ်းဖြစ်ပါ၍။

သည့်အပြင် သူ့အနေဖြင့် Lao Liu နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိ။
အပေါ်အင်္ကျီအနားစွန်းသို့ လှမ်းနေသော Lao Liu ၏လက်ကို ခြေနှစ်လှမ်းအမြန်
ဆုတ်ကာ ဆတ်ခနဲ ရှောင်လိုက်သည်။
သို့ရာတွင် Lao Liu ၏
တုန့်ပြန်မှုနှင့် အကူအညီတောင်းသံက
ထွက်လာနှင့်ပြီးပြီ။

ကော်ရစ်ဒါမှ ပြေးထွက်လာသည့် လူလေးယောက်ကလည်း တစ်စက္ကန့်အတွင်း သူတို့ရှိသည့်ဘက်သို့ အံကိုက်
ခေါင်းလှည့်၍ ကြည့်လာပါ၏။

________

လူပုံတွေက အတော်လေးသန်မာပုံပေါ်သည်။
ထိုအထဲကတစ်ယောက်မှာ ကတုံးနှင့်ဖြစ်ပြီး ဇက်ပါပျောက်နေကာ အလွန်အားသန်သည်။ Ding Ji သူ့ကို ယခင်က မြင်ဖူး၏။
အဝါရောင်မျက်မှန်တစ်လက်ကို တစ်နှစ်မှာ ၃၆၅ရက် နေ့ရောညပါတပ်လေ့ရှိသည်။

Unbridled [Myanmar Translation]Where stories live. Discover now