အပိုင်း (၇၄)

603 78 2
                                    



"မှော်ပညာလား… ရှိကောင်းရှိနိုင်ပါတယ်… ဒါပေမယ့် ကျနော် တစ်ခါမှတော့ မကြုံတွေ့ဖူးဘူး…"

"တကယ်လို့ ဝိဉာဉ်နှစ်ခုက ခန္ဓာကိုယ်လဲပြီး…. နေနေကြတယ်ဆိုတဲ့ အဖြစ်မျိုးဆိုရင်ရော…."

ကွမ်းချီအားပါးတရပြုံးလိုက်ပြီး သူ့ဘေးတွင်ရပ်နေသည့် ယဲ့မိန်းကလေးကို ငုံ့ကြည့်သည်။ သူပြောလာမည့်စကားတို့ကို စိတ်အားထက်သန်စွာမျှော်လင့်နေသည့် မျက်ဝန်းတို့ကို မြင်တော့ ဘာရယ်မဟုတ်ဘဲနှင့် မို့ရန်ကို သတိရစေသည်။

"ယဲ့မိန်းကလေး… အခုလိုပုံစံက ကျနော်သိတဲ့ ယဲ့မိန်းကလေးနဲ့ မတူဘူး… ဒီလိုပုံစံက ကျနော့်ညီမလေးကို တကယ်ကြီး သတိရစေတယ်…. အဲ.. အခုလိုပြောမိတာ စိတ်မရှိပါနဲ့…"

"ရ… ရပါတယ်… ကျမလည်း ဒီအတိုင်း စိတ်ထဲရှိတာကို မေးမိတာပါ…"

တိတ်ဆိတ်ခြင်းက အတန်ကြာကြီးစိုးသွားပြီး ခရီးကိုသာ ဆက်ကြတော့သည်။ ဟွားဟူတောင်တန်းဘက်ရှိရာသို့ ရောက်သည်အထိပင်။

"ယွမ်သခင်လေး…. ဒီတောင်တန်းကနေကျော်ပြီးရင် ဝင်္ကဘာတောင်ဘက်ကို ရောက်ပါလိမ့်မယ်… အဲဒီကိုရောက်ရင် တောနက်ဘက်ထဲကို မဝင်မိပါစေနဲ့… ရှင်ပြန်ထွက်လို့ ရမှာမဟုတ်တော့ဘူး…. ပြီးတော့ ကုန်သည်တွေ သွားတဲ့လမ်းကိုတွေ့ရင် အဲဒီလမ်းအတိုင်းသွားပါ… ရှင့်တိုင်းပြည်ဘက်ကို ပြန်ရောက်ပါလိမ့်မယ်…"

"ကျနော်အဲဒီဘက်ကလမ်းတွေကို ကောင်းကောင်းသိပါတယ်…. ဒီနေရာအထိရောက်အောင် ကူပေးတဲ့ ယဲ့မိန်းကလေးကို ကျနော် အမြဲတမ်းကျေးဇူးမမေ့ပါဘူး…. အသက်ကယ်ပေးခဲ့တဲ့အတွက် အကြွေးတင်သွားပါပြီ…. ပြီးတော့… ပြန်လိုက်မပို့နိုင်ပေးတဲ့အတွက် တောင်းပန်ပါတယ်…"

"မလိုပါဘူး…. ကျမ အနီးဆုံးမြို့ဆီ ပြန်တတ်ပါတယ်…. အဲဒီကိုရောက်ရင် အားလုံးအဆင်ပြေပါပြီ… ပြီးတော့ ယွမ်သခင်လေးကနေ တောင်းဆိုစရာတစ်ခု ရှိပါတယ်…"

"ပြောပါ ယဲ့မိန်းကလေး… ကျနော်အတတ်နိုင်ဆုံး ကူညီပါ့မယ်…"

"ဒီလောကကြီးမှာ မှော်ပညာက တကယ်ရှိပါတယ်… ဝိဉာဉ်နှစ်ခုက ခန္ဓာကိုယ်လဲပြီး အသုံးပြုတာလည်း အပါအဝင်ပေါ့… နောက်ပြီး အရေးကြီးတာတစ်ခုက… ရှင့်ညီမလေးကို သေချာပေါက် သွားကယ်ပါ… ရှင်ပြောတဲ့စကား တည်တာကို သက်သေပြပါ… ကျမစောင့်ကြည့်နေမယ်…."

ကြင်ယာတော် "မို့ရန်"Where stories live. Discover now