အပိုင်း (၅၅)

3K 405 47
                                    








"သွားလို့ရပြီလား တဲ့လား…. ဟန့်….."

လက်ထောက်ဝူ ဘာတုံ့ပြန်ချက်မှ မပေးဘဲ ငြိမ်နေလိုက်သည်။ အခြေအနေက ထင်သလို မကောင်းလောက်။ ဘာမှမပြောဘဲနေသည်မှ ရိန်းအတွက် သက်သာမည်မဟုတ်လား။ စစ်သူကြီးဆီက အတန်ကြာသည်အထိ စကားပြန်မရသောအခါ လက်ထောက်ဝူ မနေနိုင်တော့။

"စစ်သူကြီး… ကျနော်သူမကို ဘယ်လိုဆောင်ရွက်ပေးရမလဲ…."

ဟွာရှန့် မျက်မှောင်ကျုံ့ရင်း စာရွက်ပေါ် တစ်စုံတစ်ခုကို ရေးခြစ်နေသည်။ ပြီးမှ

"ခရီးထွက်စရာရှိတယ်… ပြင်ဆင်ခိုင်းထားလိုက်…"

ကမ်းပေးလာသော စာရွက်ကို ယူပြီး လက်ထောက်ဝူ အခန်းထဲကနေ ထွက်သွားသည်။ စိတ်ထဲကလည်း

အခုပဲ သေမလိုဖြစ်နေတဲ့သူကို ခရီးထွက်ခိုင်းမလို့လား… စစ်သူကြီး နည်းနည်းမှ မညှာတာဘူး…!!!
--------------------


မြင်းက ကဆုန်စိုင်း ပြေးလွှားနေသည်။ သူကိုယ်တိုင် လက်သပ်မွေးထားတဲ့ မြင်းဖြစ်သည်မို့ သခင့်အလိုကျ မြန်နိုင်သမျှ မြန်မြန်သွားသည်။ ဟွာရှန့် သူ့နှာခေါင်းထဲ ခပ်သင်းသင်းလေး ရနေသည့် ပီအိုနီနံ့ကြောင့် စိတ်ထဲ အနည်းငယ်ကျေနပ်နေသည်။ သို့သော်လည်း သူ ဘဝင်မကျနိုင်သေး။ ဘာကြောင့်များ ဒီအနံ့ကို သဘောကျနေရသလဲ သူအဖြေရှာမရ။ မြင်းဇတ်ကြိုးကို ပိုမိုပြီး ခပ်တင်းတင်းဆွဲမိသည်။ ထို့အတူ မြင်းကလည်း ယခင်ကထက်ပိုမြန်ဆန်သွားလေသည်။
အိမ်တော်ဝင်းရှေ့ ရောက်သည်နှင့် အစောင့်တို့က ချက်ချင်းပြေးထွက်လာပြီး

"စစ်သူကြီးကို အရိုအသေပြုပါတယ်…"

အနားသို့ရောက်လာသည့်စစ်သည်အား မြင်းကိုလွှဲပေးလိုက်ပြီး သူ အိမ်တော်ထဲ လှမ်းဝင်သည်။ အနားသို့ မပါလာသော သူမကြောင့် အနောက်သို့လှည့်ကြည့်ရာ သူမက အိမ်တော်ရှေ့မှာပင် ရပ်နေသေးသည်။ မို့ရန် တံခါးဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို အသေအချာပင် ဖတ်ကြည့်သည်။

တိမ်ပြာမိုးရိပ်…. တိမ်ပြာမိုးရိပ်… ငါ ဒါကို ကြားဖူးနေသလိုလို….!!

သူမသိပ်မတွေးနိုင်။ ဘာကြောင့်လဲဆို နောက်ပြန်လှည့်ကြည့်မယောင် ဖြစ်နေသည့် ဟွာရှန့်ကြောင့် သွက်လက်စွာပင် အိမ်ဝန်းထဲ လှမ်းဝင်လိုက်သည်။ သူမအိမ်ဝန်းထဲ ရောက်သည်နှင့် ဝတုတ်တုတ် ဖြူလုံးလုံးအရာသည် သူမတို့ဆီ လှိမ့်ကာလှိမ့်ကာ လာနေသည်။ အသံပေါင်းစုံထွက်ရင်းပေါ့။  နောက်မှ သူမသိရသည်က ထိုဖြူလုံးလုံးသည် အိမ်တော်ထိန်းပိုင်ဆိုသည်ပင်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now