အပိုင်း (၁၆)

6.8K 778 12
                                    




ကျိုးမြို့တော်….


ချီနိုင်ငံနှင့် ဟွားဟူပြည်နယ် နယ်စပ်နားမှ မြို့ကလေးသာ။ မြို့က သေးငယ်သော်ငြား နေချင်စရာကောင်းလှသည်။ မြို့တော်ပတ်ပတ်လည်ကို တောင်ကုန်း၊ တောင်ငယ်များ ဝန်းရံထားသည့်အပြင် ရောင်စုံပန်းစိုက်ခင်းတို့ကြောင့် မြို့အလှကို ပိုပံ့ပိုးပေးနေသယောင်။ မြူဆိုင်းနေသည့် တောင်တန်းတို့ကို ကြည့်နေရင်း ယွမ်ကွမ်းချီ ညီမငယ်ကို သတိရသွားပြန်သည်။ အမတ်ချုပ်ကြီး စေခိုင်းမှုကြောင့် ဒီမြို့တော်ကို ရောက်နေသည်မှာ ၃လထဲ ဝင်တော့မည်။ ငယ်စဉ်ကတည်းက ယခုကဲ့သို့သော ခရီးမျိုး ခဏခဏ သွားလာနေရသဖြင့် အသားကျပေမယ့် ဒီတစ်ခါတွင်မတော့ အိမ်ကို လွမ်းသယောင်ယောင်။


မနက်ဖြန်တွင် ချီနိုင်ငံမှ ကိုယ်စားလှယ်နှင့် တွေ့ဆုံစရာ ရှိသေးသည်။ ဟွားဟူပြည်နယ်နှင့် ချီပြည်နယ် စစ်ရေးအရ ပူးပေါင်းမှုများ ပြုလုပ်နေခဲ့သည်မှာ ၃နှစ်သာ ရှိသေးသည်။ အချိန်ကာလအားဖြင့် မကြာသေးသော်လည်း ဟွားဟူပြည်နယ်က သယံဇာတကြွယ်ဝသဖြင့် လိုချင်နေသည့် အခြားနိုင်ငံများက ကျူးကျော်ရန်စမှုများ မကြာခဏ ခံရသည်။ ထို့ကြောင့် မိမိတို့ပြည်နယ်ထက် စစ်ရေးအင်အားများစွာ သာလွန်သည့် ချီပြည်နယ်နှင့် နှစ်နိုင်ငံပူးပေါင်းမှုများ ပြုလုပ်ထားရသည်။

ချီနိုင်ငံမှ စစ်ရေးအထောက်အပံ့ ရရှိခဲ့သည့်အတွက် မိမိတို့ပြည်နယ်က ပြန်ပေးဆပ်ရသည်က ပြည်နယ်၏ အကောင်းဆုံးထွက်ကုန်များကို ချီနိုင်ငံသို့သာ တင်ပို့ကုန်သွယ်ရခြင်းပင်။ အပေါ်ယံကြည့်ပါက အရှုံးမရှိသော်လည်း ထိုထက်နက်နဲသည့် ဝှက်ဖဲများ ရှိနေမည်ဟု ကွမ်းချီထင်မှတ်သည်။


အတွေးတို့ကို ဖြတ်တောက်လိုက်ပြီး မြို့ဈေးသို့ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ ဈေးချိန်မဟုတ်သဖြင့် ရောင်းသူ၊ ဝယ်သူများ အတန်ငယ် ကျဲပါးနေသည်။ တစ်နေရာတွင် ဖိနပ်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို မျက်စိကျသွားသဖြင့် ညီမလေးအတွက် တစ်ရံလောက် ဝယ်သွားဦးမည့် အကြံဖြင့် အနက်ရောင်ပေါ်တွင် ပွန်နီပန်းပုံကို ပန်းရောင်ပိုးချည်ဖြင့် ထိုးထားသည့် ဖိနပ်အား ကောက်ကိုင်ပြီး သဘောကျစွာ ပြုံးမိသည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now