အပိုင်း (၅)

9.1K 843 12
                                    


"မမလေး… မမလေး…."

"မမလေး…. သတိရပါတော့… မမလေး…."

လက်မောင်းကို လှုပ်ပြီး နှိုးနေသည့် အသံကြောင့် သူမ အသိပြန်ဝင်လာသည်။ မျက်လုံးကို ဖွင့်ကြည့်တော့ အလင်းရောင်ကြောင့် သဲသဲကွဲကွဲ မမြင်ရ။ မြင်ကွင်းက ဝေဝါးလွန်းနေသည်။ မျက်လုံးကို ခဏပြန်မှိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်တော့မှ သူမကို လှုပ်နှိုးနေသည့် မိန်းမငယ်လေးကို တွေ့ရသည်။

"မမလေး… သတိရလာပြီလား…."

သူမ အသက်ရှင်နေသေးသည်။ ကံကောင်းလို့ မသေသေးသည်ကို သိရတော့ ဝမ်းသာသွားသည်။ သူမ ထဖို့ကြိုးစားလိုက်သည်။ တစ်ကိုယ်လုံး နာကျင်တက်လာသည်မို့ မြေကြီးပေါ် ပြန်ပြုတ်ကျသွားသည်။

"မမလေး… ဒဏ်ရာတွေနဲ့ ထလို့ ရမှာ မဟုတ်သေးဘူး… အားရှီလက်ကို တွဲပြီးထပါ… အားရှီ ကူပေးမယ်…"

"မင်းက အားရှီလား…"

"ဟမ်…"

မိန်းမငယ်လေးက သူမကို ထိတ်လန့်တကြား ကြည့်သည်။ နှုတ်ခမ်းတို့တုန်ရီလာပြီး သူမရှေ့တွင် ထငိုတော့သည်။

"မမလေး… အားရှီ မမလေးနောက်ကို အမြဲမလိုက်လို့ ဒီလိုဖြစ်သွားတာလား… ဒီလို မနောက်ပါနဲ့… အားရှီလေ… မမလေးရဲ့ အစေခံလေ… မမလေး မမှတ်မိတော့ဘူးလား…"

"ငါ့ရဲ့ အစေခံ…."

"အင်း…"

ခေါင်းကို တဆတ်ဆတ်ညိတ်ပြီး သူမလက်ကိုကိုင်ကာ ငိုနေသည့် မိန်းမငယ်လေးကို ကြည့်မိသည်။ အားရှီဆိုသည့် မိန်းကလေးက ဟိုးအရင်တုန်းက အဝတ်အစားကို ဝတ်ထားသည်။ ရှေးခေတ်ကို ပြန်ရိုက်ထားသည့် ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးသည့် အဝတ်အစားပုံစံမျိုး။ သေချာသည်ကတော့ သူမတွင် အစေခံဆိုတာ ဘယ်တုန်းကမှ မရှိခဲ့။ ရှိလည်း မရှိဖူးပါ။

"အားရှီ…"

"ဟုတ်ကဲ့ မမလေး…"

"နင် လူမှားနေတာဖြစ်မယ် အားရှီ… ငါ့မှာ အစေခံတွေ မရှိဘူး…"

"အီး... ဟီး… ဟီး…"

သူမစကားဆုံးသည်နှင့် အော်ငိုနေပြန်သော အားရှီကိုကြည့်ပြီး ခေါင်းကိုက်လာသည်။ နားထင်ကို လက်နှင့်အသာဖိလိုက်ပြီး သက်သာအောင် မျက်လုံးတို့ကို ပြန်မှိတ်လိုက်သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now