အပိုင်း (၂၀)

6.3K 749 15
                                    


ခြေဦးတည့်ရာ လျှောက်နေပြီးသကာလ အချိန်ကြာလာသည်နှင့်အမျှ သူမတောထဲတွင် မျက်စိလည်လာသည်။

ဒီသစ်ပင်ကို ခုနက မြင်ဖူးသလိုလို၊ အဲ့… ဒီပန်းရောပဲ…၊ ဟောဒီက ခြုံပုတ်ကြီး… ဟင်.. ဒီနေရာလေးလည်း ရောက်ဖူးသလိုလို..

ငါ တောမှောက်နေတာများလား…. အိစ်…!!!

ငိုချင်သွားသည်။ ဒီတောက ဝင်္ကဘာလို ဖြစ်နေသည်များလား။ ဘယ်လို ပြန်ထွက်ရပါ့။

"ဟေ့… ရပ်စမ်း…."

အမိန့်ပေးသံတစ်ခုကို ကြားရသဖြင့် ဝမ်းသာလုံး ဆို့သွားသည်။ လူ.. လူသံ။ အိမ်ပြန်လို့ရပြီ။ ပျော်ရွှင်စွာ အားရပါးရ ပြုံးလိုက်ပြီး အမိန့်ပေးသူကို နောက်လှည့်ကြည့်လိုက်သည်။

ဟမ်… ဒီလူ ဝတ်ထားတာကြီးက…
သွားပါပြီ… မဟုတ်ပါစေနဲ့…!

ရုပ်ရှင်ထဲမှာ မြင်ဖူးသည့် ရှေးတုန်းက သူခိုးဂျပိုးတွေ ဝတ်တတ်သည့် ဖျင်ကြမ်းအဝတ်တို့ကို ဝတ်ထားကာ ပုဆိန်တစ်လက်ကိုလည်း လက်တွင် ကိုင်ထားသည်။ ဝတ်ပုံစားပုံက ပေတီးပေစုတ်ဖြစ်သလို ရုပ်ကလည်း ပေတီးပေစုတ်။

သစမ်း… ငါ.. အရင်ခေတ်ကို ပြန်ရောက်နေပြန်ပြီ…!!

"မင်း အသက်ရှင်ချင်ရင် အဲ့ဒါ င့ါကို ပေးစမ်း…"

သူမနောက်ကျောတွင် ပိုးထားသည့် ဂစ်တာကို မေးငေါ့ပြသည်။ သောက်ကျိုးနဲ… ဓါးပြနဲ့ လာတွေ့နေတယ်…!!

"ပေးလို့ ပြောနေတာ မကြားဘူးလား… မင်း နားကန်းနေတာလား…"

"ဦးလေးကြီး… ဒါ ဘယ်နေရာလဲ… ဘယ်ခေတ်ကို ရောက်နေတာလဲဟင်…"

"ဟေ့ကောင်လေး… မင်း င့ါကိုတွေ့လို့ သွေးကြောင်သွားတာလား… ဒီတောထဲ ဝင်လာပြီးတော့ င့ါကို မသိဘူးပေါ့လေ… ဒါ င့ါကို စိန်ခေါ်လိုက်တာပဲ…"

"ဦးလေးကြီးက ဘယ်သူတုန်း… တစ်ခါမှ မဆုံဖူးတော့ မသိလို့…"

"ထွီ… မင်းမသေခင်တော့ ငါ့နာမည်ကြားဖူးအောင် ပြောရတာပေါ့… ငါက ဒီဝင်္ကဘာတောကြီးက တောပုန်းကြီးဖူ… မင်းစကားမများနေနဲ့… အဲဒီသေတ္တာလေး င့ါကိုပေးစမ်း…"

ကြင်ယာတော် "မို့ရန်"Where stories live. Discover now